Latest News

Thursday, June 15, 2017

မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆုံးခန်းမတိုင်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု
ဆုံးခန်းမတိုင်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာ့ဒီမိုကရေစီရေး နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆုံးခန်းမတိုင်သေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၁၃ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ ဆွီဒင်ပါလီမန်လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် မြန်မာပြည်ငြိမ်းချမ်းရေးကြိုးပမ်း မှုများနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားသည်။

‘‘ကျွန်မတို့အနေနဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို မရရှိနိုင်သရွေ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် မထူ ထောင်နိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကသာ ပြည်သူတွေ ရဲ့ စွမ်းဆောင်ရည်ကို ဖြည့်စွမ်း ပေးနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေ စီနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ ဆုံးခန်းမတိုင်သေးပါဘူး။ မလွယ် မှန်းသိပေမယ့် ဒါဟာပြည်သူတွေ အတွက် မရှိမဖြစ်လုပ်ဆောင်ရ မယ့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ် ပါတယ်။ မတူညီတဲ့ လူမျိုးစုတွေ ကြား စည်းလုံးညီညွတ်မှု ဖော်ဆောင်ရင်း ထိုခရီးလမ်းအပေါ် ဆက်လျှောက်နေဆဲဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဘယ်တော့ရမည်လဲဟု မကြာခဏမေးမြန်းခြင်းခံရပြီး ဒီမို ကရေစီရရှိရေးအတွက် မိမိဘယ် လောက် ကြိုးစားခဲ့သလဲဟု မိမိ ကိုယ်ကိုယ်ပြန်မေးရန် လိုကြောင်း၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားသည့် အခမ်းအနား ကို ဆွီဒင်နိုင်ငံပါလီမန်အမတ်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ မြန်မာအသိုင်းအဝိုင်းများ အပါအ ဝင် စုစုပေါင်း ၂၀၀ခန့် တက် ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။

‘‘၂၀၁၆ မတ်လက ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံတော်တာဝန် ယူပြီး နောက်ပိုင်းအမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကို အကောင်အထည်ဖော်နေရင်း နဲ့ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကိုပါ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီမိုကရေစီမရင့် ကျက်သေးတဲ့အပြင် လူမျိုးပေါင်း စုံနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပြီး စိန် ခေါ်မှုများစွာနဲ့ ပြည့်နှက်နေပါ တယ်။ အမြစ်တွယ်ခဲ့ပြီးဖြစ်တဲ့ ပဋိပက္ခတွေကိုဖြေရှင်းရာမှာ အ ပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှု ကို မဖြစ်မနေတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အစိုးရရည် မှန်းချက်က ပြည်သူအားလုံး လုံခြုံမှု၊ လွတ်လပ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှု ကို အာမခံချက်ပေးနိုင်မယ့် တည်ငြိမ်တဲ့ ဒီိမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကို ဖော်ဆောင်ဖို့ပဲဖြစ်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အ ရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ‘‘ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့သဟဇာတ ဖြစ်ရေး ဖော်ဆောင်ခြင်းဟာ စိန်ခေါ်မှုများထဲက တစ်ခုဖြစ်တယ်။ သည်းခံမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကသာ အာမခံချက်ပေးနိုင်တဲ့ အခွင့်အရေးများ အပြည့်အဝကာကွယ်ဖို့နဲ့ ယင်းဒေသအတွင်း တင်းမာမှုများ လျော့ကျစေမယ့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးကို မလွဲမသွေဆောင် ရွက်ရမှာဖြစ်ပါတယ်’’ ဟု မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။

7Day News

No comments:

Post a Comment