Latest News

Monday, June 12, 2017

A.G.T.I ဒီပလိုမာ ပထမနှစ်ကျောင်းသားတွေအတွက် တစ်ဦးကို ကျပ်သုံးသောင်း အစိုးရက ထောက်ပံ့မယ်

A.G.T.I ဒီပလိုမာ ပထမနှစ်ကျောင်းသားတွေအတွက် တစ်ဦးကို
ကျပ်သုံးသောင်း အစိုးရက ထောက်ပံ့မယ်

အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I (ပထမနှစ်) သင်တန်းသားတွေကို ခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာတွေမှာ ၂၀၁၇  အောက်တိုဘာလအတွင်း ကြေငြာသွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာတော့   သင်တန်းတွေကို စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သင်တန်းတွေကို တက်ရောက်ခွင့်ရရှိတဲ့ သင်တန်းသားတွေကို ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို ကျပ်သုံးသောင်းခန့် နိုင်ငံတော်ဘဏ္ဍာမှ ချီးမြှင့်ထောက်ပံ့ပေးသွားမယ်လို့  သိရပါတယ်။


ပညာရေးဝန်ကြီးဌာန နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနဟာ A.G.T.I ဒီပလိုမာ သုံးနှစ်သင်တန်းတွေနဲ့ G.T.H.S နှစ်နှစ်သင်တန်းတွေကိုသာမက  ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှု အခြေပြု ကာလတို သက်မွေးပညာသင်တန်းတွေကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (A.G.T.I) ၁၉ ကျောင်းရှိတာ ဖြစ်ပါတယ်။



Source: Democracy Today
Photos: YGN News, 7Day Daily

Duwun

No comments:

Post a Comment