လက်လွန်တဲ့ ဆုံးမမှုမျိုး နောက်နောင်မဖြစ်ပွားအောင် အသင်းအနေနဲ့ ထုတ်ပြန်ပြီးပါပြီ YGW ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဦးဆောင်ဆရာတော် ဦးတေဇိန္ဒကို ဆက်သွယ်လျှောက်ထားမေးမြန်းခြင်း
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ မှာ လပွတ္တာကျောင်းက ကလေးငယ်များ ကို ရိုက်နှက်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး YGW (Yellow Generation Wave) ဗဟိုစုံစမ်းစစ်ဆေးရေးအ ဖွဲ့က ဦး ဆောင်ဆရာတော် ဦးတေဇိန္ဒကို ဆက်သွယ်လျှောက်ထားမေးမြန်းပါ တယ်။
ကုမုဒြာ ။ ။ လတ်တလောဖြစ်ပွားခဲ့တဲ့ လပွတ္တာက ဖြစ်စဉ်နဲ့ပတ်သက်ပြီး
အရှင်ဘုရားတို့အနေနဲ့ ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဦးတေဇိန္ဒ ။ ။ အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက် အရ သတင်းမီဒီယာတချို့ ရေးသားနေတဲ့ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်တာကိုရေးတယ်။ နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုပြီး နှစ်ချက်တွေ့ ရတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်နေတယ်ဆိုတဲ့ကိစ္စက တကယ်မရှိပါဘူး။ ကလေး သူငယ်ရိုက်နှက်တယ်ဆိုတဲ့ ကိစ္စကတော့ ဦးဇင်းတို့ ဆရာနဲ့တပည့်ဆုံးမတဲ့ ဆုံးမမှု မျိုးပဲရှိပါတယ်။ ခေါင်းကွဲတဲ့ကိစ္စကတော့ သည်ကလေးက အရမ်း ဆိုး တယ်။ နောက် တစ်ခု ခေါင်းကွဲတယ်ဆိုတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ သုံးလလောက်က ဦးဇင်းတို့ ပြန်ဖြေရှင်းပြီးခဲ့ပါပြီ။ ကလေးရဲ့ အမေနဲ့ရော ဦးဇင်းတို့ အုပ် ချုပ်ရေးမှူးနဲ့ အတူ ကျေအေးကြောင်း ပြန်လည်ဖြေရှင်းခဲ့ပြီး ပါပြီ။ ဒါကို အစကနေ ပြန်လှန်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့သဘောပါ။
ကုမုဒြာ ။ ။ အခုမီဒီယာတွေနဲ့ ပြည်သူကလည်း သည်ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေတာကို တွေ့ရပါတယ်။
သည်အပေါ်မှာရော ဘယ်လို မှတ်ချက်မျိုးပေးချင်ပါလဲ ရှင့်။
ဦးတေဇိန္ဒ ။ ။ သည် လိင်ပိုင်းဆိုင်ရာ ကိစ္စက မမှန်ဘူးလို့ ဦးဇင်းတို့ အတိအလင်း ငြင်းပါတယ်။ ခေါင်းပေါက်တယ်ဆိုတဲ့ ကိစ္စကလည်း ပြီးခဲ့တဲ့ သုံးလကျော် လောက်ကတည်းက ဖြစ်တာ။ ဦးဇင်းတို့ ဖြေရှင်းပြီးပါပြီ။ ကျောင်းသားတွေကို ဆုံး မမှု ဘာညာကတော့ ဆရာတော်တွေက ကောင်းစေချင်တဲ့ဆန္ဒတွေနဲ့ ပြောဆိုဆုံးမတာဖြစ်ပါတယ်။ အဲဒါကိုတော့ မရှိဘူးလို့ မငြင်းပါဘူး။
ကုမုဒြာ ။ ။ လက်ရှိမှာ ကျူးလွန်တယ်လို့ ယူဆထားကြတဲ့ကိုယ်တော်ကိုရော ဦးဇင်းတို့ ကျောင်းတိုက်အနေနဲ့
ဘယ်လိုအရေးယူဆောင်ရွက်ဖို့ရှိပါသလဲ။
ဦးတေဇိန္ဒ ။ ။ အဲသည်ကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းတို့ စုံစမ်းနေတယ်။ သည်လိုဆုံးမရင်းနဲ့ဖြစ်သွားတဲ့ကိစ္စတွေ၊ ခေါင်းပေါက်တဲ့ကိစ္စလိုမျိုးဖြစ်တာတွေကို နောက်ထပ် မဖြစ်ပွားအောင် ။ ကျန်တဲ့အပိုင်းကတော့ ဥပဒေအကြောင်းအရ သူ့လမ်းကြောင်း အတိုင်း သူသွားရမှာပါ။
ကုမုဒြာ ။ ။ YGW အဖွဲ့အစည်းက ဘယ်လိုမတည်မှုမျိုးနဲ့ ရပ်တည်နေတာပါလဲ။
ဦးတေဇိန္ဒ ။ ။ သီးသန့်ထောက်ပံ့တဲ့ အဖွဲ့အစည်းလို့တော့မရှိပါဘူး။ ဦးဇင်းတို့ကို အနယ်နယ်အရပ်ရပ်က လှူကြဒါန်းကြနဲ့ ထောက်ပံ့ကြတာပဲရှိပါတယ်။ ကျောင်းက ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတာ ၁၂ ခုရှိပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် ဖွင့်လှစ်ထားတာ လေးခုရှိပါတယ်။ လှူဒါန်းငွေတွေနဲ့ပဲ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ကိစ္စအဝ၀ကို ဆောင်ရွက်ပါတယ်။ နောက်ပြီး ဘယ် နေ့ က ဘယ်ဒကာက ဘယ်လောက်လှူတယ်ဆိုတဲ့ စာရင်းလည်း အတိအကျရှိပါ တယ်။ ဘယ်အဖွဲ့အစည်းက ဘယ်လောက်လှူသွားတယ်ဆိုတဲ့ ဝင်ငွေထွက် ငွေကအစ ဦးဇင်းတို့မှာ အထောက်အထားရှိပါတယ်။
ကုမုဒြာ ။ ။ အခုလို ဆုံးမရင်းနဲ့ သွေးထွက် သံယိုဖြစ်သွားတဲ့ကိစ္စတွေ နောက်ထပ်မဖြစ်ဖို့ အရှင်ဘုရားတို့အနေနဲ့
ဘယ်လို ဆောင်ရွက်သွားဖို့ရှိပါသလဲရှင့်။ ဘယ်လိုစည်းကမ်းမျိုးတွေ ထုတ်သွားဖို့ရှိပါသလဲဘုရား။
ဦးတေဇိန္ဒ ။ ။ ဒါကတော့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ ဦးဇင်းတို့ ဌာနစုံအစည်းအဝေးတွေထိုင်ပြီး စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်မှာပေါ့နော်။ သွေးထွက်သံယိုဖြစ်သွားတယ်ဆို တာကလည်း သည်ကလေးက အရမ်းကို ဆိုးသွမ်းတဲ့အတွက်ကြောင့်လည်းပါတယ် ပေါ့။ ကလေးက ကျောင်းတက်လိုက်၊ မတက်လိုက်ဖြစ်နေတာမျိုးလည်းရှိတဲ့အတွက်ကြောင့် ဆုံးမရင်းနဲ့ ဖြစ်သွားတဲ့ အခြေအနေမျိုးပါ။
ကုမုဒြာ ။ ။ သည်ပရဟိတကျောင်းတွေကို လာရောက်သင်ကြားမယ့်ကလေးတွေအတွက်
ဘယ်လိုစည်းကမ်းချက်မျိုးတွေကို ထုတ်ပြန်ထားပါသလဲဘုရား။ သည်ကိစ္စ ဖြစ်ပြီးနောက်ပိုင်းမှာရော
ကလေးငယ်တွေနဲ့ ကျောင်းရဲ့စည်းကမ်းချက်တွေကို ထပ်တိုးချမှတ်တာမျိုးရောရှိပါသလားဘုရား။
ဦးတေဇိန္ဒ ။ ။ စည်းကမ်းက အဲသည်လို တိုးချဲ့သတ်မှတ်ထားတာမျိုးတော့ မရှိ သေးပါဘူး။ ကျောင်းကိုလာမယ့် ကလေးတွေက ဒေသတစ်ခုနဲ့တစ်ခု မတူညီတဲ့အတွက် စည်းကမ်းအနည်းအများရှိပါတယ်။ စည်းမျဉ်းကတော့ တစ်မူတည်းပေါ့နော်။ အဓိကကတော့ ပညာသင်နှစ်တစ်နှစ် ကုန် ဆုံးဆောင်နေရမယ်။
ဦးဇင်းတို့က အခမဲ့ သင်ပေးတာဖြစ်တဲ့အတွက် သူ့ဒေသနဲ့ သူ ကိုက်ညီတဲ့ စည်း ကမ်းချက်မျိုးကိုတော့ ချမှတ်ထားပါတယ်။ ဥပမာ – ဘုရားရှိခိုးချိန်ခိုး၊ ထမင်း စားချိန်စား၊ စာကျက်ချိန် ကျက်၊ ကျောင်း မှန်မှန်တက်ပေါ့။ အဲသည် လို စည်းကမ်းမျိုးတွေကို ချမှတ်ထားတာတော့ ရှိပါ တယ်။
ကုမုဒြာ ။ ။ သည်အဖွဲ့အစည်းမှာ သံဃာ တော်ဘယ်နှပါး ပါဝင်ဖွဲ့စည်းထားတာလဲဘုရား။
နောက်ပြီး ဘယ်နှခုနှစ်ကစပြီး ဖွဲ့စည်းထားတာပါလဲ ဘုရား။
ဦးတေဇိန္ဒ ။ ။ ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။ အမြို့မြို့အနယ် နယ်တိုင်းမှာ ရှိတဲ့ ရဟန်းသံဃာ တွေ၊ ပရဟိတလုပ်ငန်းစိတ်အားထက်သန်တဲ့ လူပုဂ္ဂိုလ်တွေ၊ သီလရှင်တွေ အားလုံးပါပါတယ်။ သံဃာအင်အားသောင်းချီ ပြီးတော့ ပါဝင်ပါတယ်။ အဓိကကတော့ သံဃာဦးဆောင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ကုမုဒြာ ။ ။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေလည်း ဖြေကြားပေးပါဦး။
ဦးတေဇိန္ဒ ။ ။ များသောအားဖြင့်တော့ ဒေသအသီးသီးက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေကို စောင့် ရှောက်တာဖြစ်ပါတယ်။
လမ်းဘေး ကလေးတွေ၊ မိဘမဲ့ကလေးတွေနဲ့ ချို့တဲ့ ပြီး ကျောင်းမထားနိုင်တဲ့ ကလေးငယ်တွေကို ခေါ်ယူသင်ကြား ပေးတာဖြစ်ပါတယ်။ ဦးဇင်းတို့အနေနဲ့ လည်း တကယ်ကို နွမ်းပါးတဲ့ ကလေးတွေ အတွက် တံခါးဖွင့်ထားပါ တယ်။
ကုမုဒြာ ။ ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဝင်းနန္ဒာ(Kumudra)
Monday, May 22, 2017
လက်လွန်တဲ့ ဆုံးမမှုမျိုး နောက်နောင်မဖြစ်ပွားအောင် အသင်းအနေနဲ့ ထုတ်ပြန်ပြီးပါပြီ YGW ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဦးဆောင်ဆရာတော် ဦးတေဇိန္ဒကို ဆက်သွယ်လျှောက်ထားမေးမြန်းခြင်း
လက်လွန်တဲ့ ဆုံးမမှုမျိုး နောက်နောင်မဖြစ်ပွားအောင် အသင်းအနေနဲ့ ထုတ်ပြန်ပြီးပါပြီ YGW ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဦးဆောင်ဆရာတော် ဦးတေဇိန္ဒကို ဆက်သွယ်လျှောက်ထားမေးမြန်းခြင်း
Reviewed by Ar Ti
on
10:09 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment