Latest News

Wednesday, May 17, 2017

လပွတ္တာမြို့ ​ရှိ YGWမှ ဦး​ဆောင်​ဆရာ​တော်​​တွေကို မိဘတွေက တိုင်ချက်ဖွင့်

လပွတ္တာမြို့ ​ရှိ YGWမှ ဦး​ဆောင်​ဆရာ​တော်​​တွေကို မိဘတွေက တိုင်ချက်ဖွင့်

ကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်နေတယ်​လို့ သတင်းပျံ့​နှံ့နေတဲ့ လပွတ္တာမြို့နယ်​က မိဘမဲ့ပရဟိတ ကျောင်းမှ ဦး​ဆောင်​ဆရာ​တော်​​တွေကို မိဘတွေက တိုင်​ချက်ဖွင့်​​လိုက်​ပြီဖြစ်​ပါတယ်​။

လပွတ္တာ မြို့နယ်​ တူး​မြောင်းရဲစခန်းမှာ တိုင်ချက်​​ဖွင့်​ထားတာဖြစ်​ပြီးရိုက်​နှက်​ခံရတဲ့ အသက် ၁၂ အရွယ် ကျောင်းသားရဲ့မိခင် ​​ဒေါ်ကေ​သွယ်မိုးက တရားလိုလုပ်​ တိုင်​ကြားထားတာဖြစ်​ပါတယ်​။

“က​လေး​တွေကို နှိပ်​စက်​ ရာကျတဲ့ သ​ဘောဖြစ်​တယ်​။မ​ကျေနပ်လို့ တိုင်​တာ​ပေါ့။”လို့ ​ဒေါ်​ကေသွယ်​မိုးက ​ပြောပါတယ်​။

သည်​က​နေ့ ည​နေမှာ​တော့ မြို့နယ်​ရဲတပ်​ဖွဲ့ က က​လေး​တွေနဲ့ ​တွေ့ဆုံပြီး စစ်​​ဆေး​မေးမြန်းတာ​တွေ ပြုလုပ်​ခဲ့ပါတယ်​။

လော​လောဆယ်​မှာ​တော့ ရိုက်​နှက်​ခံရတဲ့က​လေးငယ်​​တွေရဲ့ ​ဆေးစစ်​ချက်​​တွေမရရှိ​သေးတာ​မို့ ဘယ်​ပုဒ်​မ​တွေနဲ့ အ​ရေးယူသွားမယ်​ဆိုတာကို ​ပြောလို့မရ​သေးဘူးလို့ မြို့နယ်​ရဲတပ်​ဖွဲ့မှ တာဝန်​ရှိသူတစ်​ဦးက ​ပြောပါတယ်​။

သည်​အမှုနဲ့ပတ်​သတ်​ပြီး က​လေးငယ်​​တွေကို ကူညီ​ဆောင်​ရွက်ပေး​နေသူတစ်​ဦးဖြစ်​တဲ့ ဦးသိန်း​ငွေက​တော့ ​ဆေးစစ်​ချက်​ရရှိလာမယ်​ဆိုရင်​ ဥပ​ဒေအကြံ​ပေး​တွေနဲ့ ညှိနှိုင်းပြီး တရားစွဲဆိုဖို့လည်း စီစဉ်​သွားမယ်​လို့ ​ပြောပါတယ်​။

” ကျောင်းမအပ်ခင်ကတည်းက မိဘတွေကို ကြိုပြောတယ်။ ပြီးတော့မှ လက်ခံတာပါ”လို့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော်ပညာနန္ဒက ပြောပါတယ်။ ကျောင်းစည်းကမ်းတွေကို စာရွက်နဲ့ ကြိုပြီးပြခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။ ဒါပေမယ့် ကျောင်းထွက်ရင် အရိုက်ခံရမယ်လို့တော့ ထည့်သွင်းရေးထားခြင်း မရှိဘူးလို့ သိရပါတယ်။ နှုတ်သဘောအနေနဲ့ပဲ ပြောခဲ့တယ်လို့ သိရပါတယ်။ ရိုက်​နှက်ခံရတဲ့ ကလေးငယ်လေးဦး နဲ့ အတူမိဘ​တွေကို​တော့ လပွတ္တာမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့မှတာဝန်ရှိ ပုဂ္ဂိုလ်တွေက ​နေရပ်​ကို ပြန်​လည်​ပို့​ဆောင်​​ပေး​နေကြပါတယ်​။

လွန်ခဲ့တဲ့ ၃ လ လောက်ကလည်း အဆိုပါ ကျောင်းမှ ကလေးတစ်ချို့ ထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအတွက် မေလ ၁၁ရက်နေ့ညက ဦးဆောင်ဆရာတော်တစ်ပါးက အိမ်ကိုပြန်ချင်တဲ့ ကလေးတွေ မတ်တပ်ရပ်လို့ ပြောခဲ့ပါတယ်။ ကလေး ၁၅ယောက်က အိမ်ကို ပြန်ချင်တဲ့အတွက် မတ်တပ်ရပ်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် အိမ်ကိုပြန်မယ့်ကျောင်းသားတွေကို ကျောင်းရဲ့ စည်းကမ်းချက်လို့ ဆိုကာ ကျောင်းသားတစ်ယောက်ကို ဥပဒေပေးတဲ့အနေနဲ့ ဝါးစိမ်းတုတ်နဲ့ ၂၉ ချက် ရိုက်ခဲ့တယ်လို့ ကလေးငယ်တွေကို ကူညီပေးနေသူတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် လပွတ္တာမြို့နယ် ကျောက်တန်းလေးကျေးရွာက ၁၃နှစ်အရွယ် မိန်းကလေးကိုလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေရှိတယ်လို့ သိရတဲ့အတွက် ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး လပွတ္တာမြို့နယ် ရေဆိုင်ပြင်ကျေးရွာကတဲ့ YGW ပရဟိတမိဘမဲ့ကျောင်းဟာ မိဘမဲ့​​ကျောင်းသား​တွေသာမက​ငွေ​ကြေးမပြည့်​စုံတဲ့​ လပွတ္တာမြို့နယ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေက ကလေးတွေကို ​ကျောင်းထား​ပေးမယ်​လို့ဆိုကာ စု​ဆောင်းထားတာဖြစ်​ပါတယ်​။အဲ့ဒီကျောင်းမှာ ​ကျောင်းတက်​​နေတဲ့ က​လေးငယ်​​ပေါင်း ၁၄၅​ယောက်​ ရှိပါတယ်​။

ချမ်းသာ၊အောင်လေး(Kumudra)

No comments:

Post a Comment