အမှတ် ၃ လမ်းမကြီးမှာ YBS ယာဉ်နဲ့ဆိုင်ကယ်တိုက်မိပြီး တစ်ဦးသေဆုံး
YBS ၃၅ ခရီးသည်တင်ယာဉ်နဲ့ ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ်အတွင်း အမှတ်(၃)လမ်းမကြီးမှာ YBS ၃၅ ခရီးသည်တင်ယာဉ်နဲ့ ဆိုင်ကယ်တစ်စီးတို့ ယနေ့ (မေလ ၂ ရက်) မနက် ၅ နာရီကျော်တွင် တိုက်မိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ "ဆိုင်ကယ်နဲ့ကားက လမ်းကြောင်းအတူတူ မောင်းလာတယ်။ ကားကဆိုင်ကယ်ကို တိုက်မိတဲ့အချိန်မှာ ဆိုင်ကယ်မှာပါလာတဲ့ ကောင်မလေးကို ကြိတ်မိသွားတယ်။
"ကောင်မလေးကတော့ နေရာမှာသေဆုံးသွားတယ်။ အမျိုးသားနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့ပါတယ်" လို့ ကူညီကယ်ဆယ်ပေးခဲ့သူ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောကြောင်း 7Day Daily သတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ အသက်၂၀ အရွယ်ခန့်ဖြစ်ပြီး မော်တော်ဆိုင်ကယ်တွင် သုံးဦးစီးလာခဲ့ပြီး သေဆုံးသူဟာ အနောက်မှ လိုက်ပါစီးနင်းခဲ့တာဖြစ်ကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
"ကားတိုက်ခံရတဲ့သူတွေကိုတော့ မြောက်ဥက္ကလာမေဓာဝီဆေးရုံ ပို့ပေးထားပါတယ်။ တိုက်တဲ့ကားကတော့ မောင်းပြီး ထွက်ပြေးသွားပြီ။ သူတို့ကို YBS ၃၅ က တိုက်သွားတယ်ဆိုတာလည်း လူနာတွေပြောပြတာပါ။ ကားနဲ့ကားသမားကတော့ စခန်းမှာလာအဖမ်းခံသွားပါတယ်" လို့ ယာဉ်ထန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Source: 7Day Daily, Photo: Htin Lin Aung
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment