တပ်မတော်နဲ့ TNLA နှစ်ရက်အတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ အစိုးရစစ်တပ်တို့ ဒီလကုန်ပိုင်းလောက် က နှစ်ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်းဖက်မှာ တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူနဲ့ နမ့်ခမ်းဒေသဖက်တွေမှာ ဖြစ်ပွားခဲ့တာလို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး မိုင်းအိုက်ကျော်က ပြောပါတယ်။
"၂၉ ရက်ရယ် ဒီ ၃၀ ရက်ရယ်မှာ တိုက်ပွဲက ပြန်ဖြစ်လာတယ်၊ အဓိကဖြစ်တာကတော့ ကွတ်ခိုင်မြို့ နယ်၊ မန်တုံမြို့နယ်၊ နမ္မတူနဲ့ နမ့်ခမ်းမြို့နယ်တွေဖက်မှာ ဖြစ်တယ်၊ ၂၅ လောက်ကစပြီးတော့ တပ် မတော်ဖက်က စစ်ကား အစီး ၁၀၀ လောက်ရောက်လာတယ် ၊ ၂၇ ၊ ၂၈ ရက်တွေမှာ သူတို့တော ထဲမှာ ထိုးစစ်တက်လာတယ်"
TNLAနဲ့ တပ်မတော်ဘက်က တပ်မ(၈၈)တို့ ကွတ်ခိုင်မြို့နယ် ၊ မန်တုံမြို့နယ် ၊ နမ့်ခမ်းမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကတည်းက အစိုးရစစ်တပ်ဖက်က TNLA တပ်တွေရှိရာကို ထိုးစစ်ဆင်လာတဲ့အတွက် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ တပ်မတော်နဲ့ စစ်ရေး တင်းမာနေတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးဘဲ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။
Photo: Kan Thar/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment