Friday, May 5, 2017
The Earth May 2017 Report-မင်းငြိမ်းချမ်း
The Earth May 2017 Report
ပြင်ဆင်ထားခဲ့သော မြန်မာ့သတ္တု တွင်း ဥပဒေနှင့် လိုက်လျောညီထွေဖြစ်စေမည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား နိုင်ငံ နှင့်ပြည်သူအကျိုးရှိစေရေး ရေးဆွဲရန်တာဝန် မှာ အစိုးရသစ်နှင့် ဝန်ကြီးဌာနအသစ်ပေါ်တွင် ကျရောက်ခဲ့ပြီးဖြစ်ပါသည်။ ဤနေရာတွင် နိုင်ငံသူနိုင်ငံသားတို့၏ တာဝန်သည် မည်သို့ရှိ မည်နည်း။ နိုင်ငံ့ဝန်ထမ်းတို့၏ တာဝန်သည် မည်သို့ရှိမည်နည်း။
ယခုဆောင်းပါးသည် ဖြစ်ပျက်ခဲ့သော အခြေအနေများ၊ ဖြစ်ပျက် ကြားသိနေရသော အခြေအနေများအား အကြောင်းခံလျက် အနာဂတ်ကာလတွင် နိုင်ငံအနေဖြင့် ဓာတ်သတ္တုလေလွင့် ဆုံးရှုံး နစ်နာမှုများ လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ပါသည်။
နိုင်ငံ၏ မြေပေါ်မြေအောက်ရှိ သယံဇာတအားလုံးကို နိုင်ငံသူနိုင်ငံသား အားလုံးက ပိုင်ဆိုင်ပြီး အဆိုပါ သယံဇာတများ ထုတ်ယူသုံးစွဲခြင်းမှ ထွက်ပေါ်လာသည့် အကျိုးကျေးဇူးများအား နိုင်ငံသူနိုင်ငံသား အားလုံး မျှမျှတတခံစားခွင့်ရရှိစေရန် စီမံ ခန့်ခွဲမှု တာဝန်ကို နိုင်ငံအစိုးရက ဆောင်ရွက် ရမည်ဖြစ်ပါသည်။ နိုင်ငံ၏ သယံဇာတအရင်း အမြစ်များရေရှည်တည်တံ့ခိုင်မြဲစေရေး၊ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး၊ အကျိုးမဲ့ မဖြစ်စေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရေးမှာ နိုင်ငံအစိုးရနည်းတူ နိုင်ငံသူ နိုင်ငံ သားအားလုံးတွင် တာဝန်ရှိနေပါသည်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုသည် ဓာတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းအား မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်း ဥပဒေများနှင့်အညီ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးသော ဓာတ်သတ္တုထုတ်လုပ်ရန်ခွင့် ပြုမိန့်ရရှိသည့် ဧရိယာအတွင်း စည်းကမ်း သတ်မှတ်ချက်များအတိုင်း တူးဖော်မှသာ တရားဝင်တူးဖော်ခြင်းဖြစ်ပါသည်။ ထိုသို့ မဟုတ်သောအခြေအနေမျိုးတွင် တရားမဝင် တူးဖော်ခြင်းဟု သတ်မှတ်ရမည် ဖြစ်ပါ သည်။
(က)စမ်းသပ်တိုင်းတာရန် ခွင့်ပြု မိန့်ရရှိ၍ စမ်းသပ်တိုင်းတာကာလအတွင်း တူးဖော်ထုတ်လုပ်ခြင်း။
(ခ)ဓာတ်သတ္တုတူးဖော်ရန်ခွင့်ပြု မိန့် ရရှိထားသော ဧရိယာပြင်ပတွင် တူးဖော် ခြင်း။
(ဂ)ဓာတ်သတ္တုတူးဖော်ရန် ခွင့်ပြု မိန့်ရရှိထားသော သက်တမ်းကာလ ကျော် လွန် တူးဖော်ခြင်း။
(ဃ)ခွင့်ပြုမိန့်အလိုက် သတ်မှတ် ထားသည့် စက်ယန္တရားအင်အားထက် ပိုမို အသုံးပြုတူးဖော်ခြင်း။။။
(င)ဝန်ကြီးဌာနသို့ တရားဝင်တင်ပြ သည့် ထုတ်လုပ်မှု တန်ချိန်ထက် ပိုမို ထုတ် လုပ် တူးဖော်ခြင်း။
(စ)ခွင့်ပြုမိန့် ရယူခြင်း မရှိဘဲ တူး ဖော်ခြင်း။
(ဆ)ဒေသဆိုင်ရာအာဏာပိုင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နားလည်မှုရယူ၍ တူး ဖော်ခြင်း စသည်တို့အား တရားမဝင်တူးဖော် မှုဟု ယူဆရပါမည်။
သက်ဆိုင်ရာ သတ္တုတွင်းဦဦးစီးဌာန လုပ်ငန်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စောင့်ကြပ်ကြည့်ရှုနိုင်မှု အား နည်းခြင်း၊ သတ္တုတွင်းဝန်ထမ်းဦးရေနည်း ပါးခြင်း၊ ဓာတ်သတ္တုစမ်းသပ်တိုင်းတာ ထုတ် လုပ်ခွင့်ရရန် လျှောက်ထားရာတွင် ဆောင် ရွက်ရသည့် နည်းလမ်းအဆင့်ဆင့်ကို မသိ ရှိခြင်း၊ ခွင့်ပြုမိန့် လျှောက်ထားရာတွင် ကန့် သတ်ချက်အခက်အခဲများရှိနေခြင်း၊ လုံခြုံ ရေးအရ သွားရောက် စစ်ဆေးရန် ခက်ခဲသော၊ အစိုးရဌာနများရုံးစိုက်ရာမြို့နှင့် အလှမ်းကွာ ဝေးလွန်းသည့် ဒေသများဖြစ်နေခြင်းတို့သည် လည်း တရားမဝင်တူးဖော်မှု ဖြစ်စေနိုင်ပါသည်။ အကျဉ်းချုပ်ဆိုရလျှင် ဥပဒေကိုမသိရှိခြင်းနှင့် လေးစားလိုက်နာမှု မရှိခြင်းတို့ပင် ဖြစ်ပါ သည်။
တရားမဝင်တူးဖော်မှုများအား ကာကွယ်တားဆီးဖမ်းဆီးနိုင်ရေးမှာ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန(သတ္တုရေးရာ)တွင် တာဝန်အပြည့် အဝရှိပြီးဆက်စပ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဒေသခံပြည်သူ များနှင့် အရပ်ဘက်အဖွဲ့အစည်းများနားလည် သိမြင်ပါဝင်လာစေရေးမှာလည်းလိုအပ်ပါ သည်။ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိ ကင်းရှင်းစွာဖြင့်တာဝန်ထမ်းဆောင် ကြမည်ဆိုလျှင် သတ္တုခိုးတူးနေမှုများ လျော့ နည်းပပျောက်သွားနိုင်ပါသည်။
ဥပဒေနှင့် အညီဖြစ်စေရန်တည်ဆဲ မြန်မာ့သတ္တုတွင်း ဥပဒေနှင့်လိုက်လျောညီထွေ ဖြစ်စေမည့် နည်းဥပဒေအား ရေးဆွဲအတည်ပြုပြီးလုပ်ထုံး လုပ်နည်းများဖြင့် ပြည့်စုံစေရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိနိုင်ငံ့ဝန်ထမ်းများသည် ပြဋ္ဌာန်းထားသည့်ဥပဒေကိုကျင့်သုံး၍ လုပ်ငန်း ဆောင်ရွက်ပါက တရားမဝင်တူးဖော်မှုများ အားကာကွယ်တားဆီး ဖမ်းဆီရေးအားတာဝန် ကျေပွန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် တရားမဝင်တူးဖော်ထုတ် လုပ်သူများအား ထိရောက်သော အပြစ်ဒဏ် များချမှတ်၍ တိတိကျကျအပြစ်ပေးလျှင် တရားမဝင်တူးဖော်မှုများ လျော့နည်းပပျောက် သွားနိုင်ပါကြောင်း။
မင်းငြိမ်းချမ်း
The Earth May 2017 Report-မင်းငြိမ်းချမ်း
Reviewed by timeayeyar
on
5:04 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment