Latest News

Monday, May 15, 2017

သင်္ကြန်ကာလတွင် လမ်းနယ် ကျူးကျော်ဆောက်လုပ်ခဲ့သည့် Sky Net မဏ္ဍပ်ကို စည်ပင်က ဒဏ်ကြေးသိန်း ၁၄၀ ကောက်

သင်္ကြန်ကာလတွင် လမ်းနယ် ကျူးကျော်ဆောက်လုပ်ခဲ့သည့် Sky Net မဏ္ဍပ်ကို စည်ပင်က ဒဏ်ကြေးသိန်း ၁၄၀ ကောက်

ရန်ကုန်မြို့တွင် ယခုနှစ်သင်္ကြန်ကာလက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရာတွင် လမ်းနယ်ကျူးကျော်ဆောက်လုပ်ခဲ့သည့် စကိုင်းနက်သင်္ကြန်မဏ္ဍပ်အား ဒဏ်ကြေးကျပ်သိန်း ၁၄၀ ကောက်ခံခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (လမ်း/တံတား)ဌာန၊ ဒု-ဌာနမှူးဦးစိုးသိန်းအောင်က ပြောသည်။

''လသာ ၁၉ လမ်းမှာဆောက်ခဲ့တဲ့ စကိုင်းနက်မဏ္ဍပ်တခုပဲ လမ်းနယ်ကျူးကျော်ဆောက်ပြီး စည်းကမ်းမလိုက်နာတဲ့အတွက် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၄၀ သတ်မှတ်ကောက်ခံလိုက်တယ်။ ကျန်တဲ့ မဏ္ဍပ်တွေကတော့ စည်းကမ်းမလိုက်နာတာ မရှိဘူး။ ခွင့်ပြုချက်ထက်ပိုပြီး ဆောက်လုပ်ခဲ့တာမရှိဘူး''ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်ထားသူများ လိုက်နာရန် စည်းကမ်းချက် ၄၄ ချက်ထုတ်ပြန်ထားပြီး မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်ထားသူများကို အာမခံ စပေါ်ငွေအဖြစ် မဏ္ဍပ်အကြီးကို သိန်း ၂၀၀ နှင့် မဏ္ဍပ်အလတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားကြောင်းနှင့် သတ်မှတ်ထား သော စည်းကမ်းချက်များကို ဖောက်ဖျက်ပါက သတ်မှတ်ဒဏ်ကြေးကို အာမခံစပေါ်ငွေမှ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခဲ့သည်။

ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်ကြီး ၂၈ ခုခွင့်ပြုခဲ့ပြီး စပေါ်ငွေပြန်လည် ထုတ်ပေးရမည့်မဏ္ဍပ်ကြီးပေါင်း ၈ ခု ရှိကြောင်း ဦးစိုးသိန်းအောင်က ပြောသည်။

''ဒီမဏ္ဍပ်အကြီးထဲမှာ ဌာနဆိုင်ရာမဏ္ဍပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဏ္ဍပ်တွေပါတယ်။ အဲဒီမဏ္ဍပ်တွေက စပေါ်ငွေယူမထားဘူး။ ဒါကြောင့် မဏ္ဍပ် ၈ ခုကိုပဲ စပေါ်ငွေပြန်ပေးရမှာပါ''ဟု ၎င်းက ပြောသည်။

လင်းလင်းအောင်(News Watch)

No comments:

Post a Comment