Latest News

Wednesday, May 17, 2017

စစ်တွေတွင် MNA ပိုင်လေယာဉ်တစ်စင်း အဆင်းပြေးလမ်း၌ ဘီးပေါက်

စစ်တွေတွင် MNA ပိုင်လေယာဉ်တစ်စင်း အဆင်းပြေးလမ်း၌ ဘီးပေါက်


စစ်တွေတွင် မြန်မာအမျိုးသား လေကြောင်းပိုင် XY AJK လေယာဉ်ငယ်တစ်စင်း အဆင်းပြေးလမ်း၌ ဘီးပေါက်ပြီး လမ်းလွဲချော်သွားသော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် မေ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်မှ စစ်တွေသို့ ရောက်ရှိဆင်းသက်လာစဉ် ပြေးလမ်း ပေ ၁၇၀၀ ခန့်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ကျ ရဲတပ်သားတစ်ဦးထံမှ သိရသည်။

“လေယာဉ်က စင်းလုံးငှားလို့သိရတယ်။ အရပ်သားခြောက်ဦး ငှားလာတာပေါ့။ ဘီးပေါက်ပြီး ပြေးလမ်းမှာရပ်သွားတယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်မှူးပါ လေယာဉ်ဝန်ထမ်းသုံးဦးနဲ့ ခရီးသည်ခြောက်ဦးပါတယ်။ မီးသတ်ကားနဲ့ဆွဲပြီးတော့ လေယာဉ်ရပ်နားရာကို ၂ နာရီကျော်လောက်မှာ ရောက်သွားပါတယ်” ဟု လေဆိပ်တာဝန်ကျ ရဲတပ်သားတစ်ဦးက ပြောကြားသည်။
အဆိုပါလေယာဉ်မှာ စစ်တွေလေဆိပ်တွင် ရပ်နားထားပြီး ဘီးအား ပြန်လည်တပ်ဆင်လျက်ရှိကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment