Latest News

Tuesday, May 23, 2017

မန်ချက်စတာဗုံးကွဲမှု သူတို့လက်ချက်ဟာ IS ပြောဆို

မန်ချက်စတာဗုံးကွဲမှု သူတို့လက်ချက်ဟာ IS ပြောဆို

အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ရတဲ့ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က အမေရိကန် ပေါ့ပ်ဂီတ အကျော်အမော် Ariana Grande ရဲ့ ဂီတပွဲမှာ မနေ့ တနလာင်္နေ့က ဖောက်ခွဲမှုဟာ သူတို့လက်ချက်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ကာလီဖိတ် စစ်သားတဦးက ဗုံးတွေထောင်ပြီး ဖောက်ခွဲခဲ့တာလို့ IS အဖွဲ့က ပြောတာပါ။ တိုက်ခိုက်သူက ဖြစ်သလို ဖန်တီးထားတဲ့ ဖောက်ခွဲ ပစ္စည်းနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်ပြီး သူကတော့ အဲဒီနေရာမှာဘဲ သေသွားတယ်လို့ စုံစမ်းရေးမှူးတွေက ယုံကြည်ထားတဲ့ အကြောင်း ဗြိတိန်ရဲက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း လူပေါင်း ၅၉ ဦး ဒဏ်ရာရသွားပါတယ်။

တိုက်ခိုက်သူ ဘယ်သူဆိုတာကို ရဲနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက သူတို့ သိထားပြီလို့ ဆိုပေမယ့် လူသိရှင်ကြား ထုတ်ပြောဖို့ အဆင်သင့် မဖြစ်သေးတဲ့ အကြောင်း ၀န်ကြီးချုပ် Theresa May က ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး တောင်ပိုင်း မန်ချက်စတာက အသက် ၂၃ နှစ် အရွယ် အမျိုးသား တဦးကို တာဝန်ရှိသူတွေ ဖမ်းဆီးထားပြီလို့ ရဲဌာနက တွစ်တာမှာ ရေးသား ပြောဆိုထားပေမယ့် တိုက်ခိုက်မှုနဲ့ ဘယ်လို ဆက်နွှယ်ပတ်သက်သလဲ ဆိုတာကိုတော့ ပြောဆိုမထားပါဘူး။

အမေရိကန် ပေါ့ပ် ဂီတ အကျော်အမော် Ariana Grande ရဲ့ ဂီတ ဖျော်ဖြေပွဲ အပြီး လူ ၂ သောင်း ၁ ထောင်ဆန့်တဲ့ မန်ချက်စတာ ပွဲရုံကြီးရဲ့ ခန်းမဆောင်ထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဆိုတော် Ariana Grande ကတော့ သိပ်ကို ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်ရပါတယ်လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

မန်ချက်စတာက တိုက်ခိုက်မှုကို အမေရိကန် အမိမြေ လုံခြုံရေး ၀န်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေပြီး အမေရိကန် ပြည်ထောင်စု အတွင်းက ဂီတပွဲတွေကို ထူးခြားတဲ့ ခြိမ်းခြောက်မှု မရှိဘူးဆိုပြီး ပြောဆိုထားပါတယ်။

ဗွီအိုအေ

No comments:

Post a Comment