သိမ်ကြီးဈေးရှိ ဈေးဆိုင်များကို FDA က ရှောင်တခင် ဝင်ရောက်စစ်ဆေး၊ ရလဒ်ကို မကြာမီထုတ်ပြန်မည်
သိမ်ကြီးဈေးအတွင်း ရောင်းချနေသော တိုင်းရင်းဆေး ဝါး၊ အသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန် များကို FDA အပါအဝင် အဖွဲ့ကိုး ဖွဲ့ကမေလ ၁၇ ရက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို မကြာ မီထုတ် ပြန်မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာခင်စောလှက ပြောသည်။
အစားအသောက်များတွင် ခွင့်မပြုဓာတုဆိုးဆေးပါဝင်ခြင်း ရှိ၊ မရှိ၊ အသားငါးများတွင် လူသေ ၌ မပုပ်သိုးစေရန် အသုံးပြုသော ဖော်မယ်လင်ပါဝင်မှု ရှိ၊ မရှိ၊ ပဋိဇီဝစားကြွင်းစားကျန် အသုံးပြု ထားခြင်းရှိ၊ မရှိနှင့် ဟင်းသီးဟင်း ရွက်များတွင် ပိုးသတ်ဆေးအ ကြွင်းအကျန် အသုံးပြုထားခြင်းရှိ၊ မရှိတို့ကို စစ်ဆေးခြင်းဖြစ် သည်။
‘‘အရောင်ပါတဲ့ အစားအ သောက်၊ ခွင့်မပြုဆိုးဆေးပါတဲ့ အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှာယူပြီး စစ်ဆေး မယ်။ ဆိုင်အလိုက် ဈေးတာဝန်ခံ တွေကလည်း ဆိုင်အမှတ်အသား တွေပေးတယ်။ ဒီအဖြေတွေကို သက်ဆိုင်ရာဈေးတာဝန်ခံရုံးကို ပြန်ပြီး အကြောင်းကြားမယ်။ ဈေးသည်တွေကိုလည်း အသိပညာ တွေ ဆက်ပေးသွားမယ်။ဆရာမ တို့အနေနဲ့လည်း အခုလိုအုပ်စု လိုက် လှုပ်ရှားမှုတွေကိုဆက်ပြီး ဆောင်ရွက်သွားဦးမှာပါ’’ဟု ၎င်းကပြောသည်။
ယခင်က စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ (ကျန်း မာရေးဌာန)၊ ဈေးများဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနတို့သာ ပူးပေါင်းစစ်ဆေး ခဲ့ရာမှ ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးတို့ဖြင့်ပူးပေါင်း စစ်ဆေးခဲ့ခြင်းဖြစ် သည်။
ဈေးအတွင်း ရောင်းချနေ သည့် ငါးပိ၊ မျှစ်၊ ငါး၊ ကြက်သား၊ လက်ဖက်၊ အကြော်စုံ၊ ပဲပြား၊ မုန့်ဖတ်၊ ခေါက်ဆွဲဖတ်၊ သရက် သီး သနပ်၊ ရှမ်းချဉ်၊ မုန်လာချဉ်၊ ကြက်သွန်ဖြူချဉ်၊ မုန်ညှင်းချဉ်၊ အရောင်ပါသော အစားအ သောက်များ အစိမ်းစားရသော ဟင်းသီးဟင်းရွက်များ၊ တိုင်းရင်း ဆေးဝါးများနှင့် ကုန်ပစ္စည်းမျိုးစုံ တို့ကို အဓိကထား၍ နမူနာ ကောက်ယူ စစ်ဆေးခဲ့သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးရန်မသင့်သည့် အစားအသောက်များ၊ သုံးစွဲရန် မသင့်သည့် အလှကုန်များ၊ ဆေးဝါးအတုနှင့် စံမညီဆေးဝါးများ ရောင်းချမှု ပပျောက်စေရန် ယခုနှစ်အတွင်း အထူးစီမံချက်များ ရေးဆွဲကာ ဈေးအတွင်းလိုက်လံစစ် ဆေးခြင်း၊ ဈေးများတွင် လစဉ် စစ်ဆေးမှုပြုလုပ်ရန် စီမံချက်ရေးဆွဲ၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။
‘‘ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကို ကွင်းဆင်းပြီး စစ် ဆေးသွားမှာပါ။ အရင်တုန်းက လည်း စစ်ဆေးနေပါတယ်။ အခု နောက်ပိုင်းလည်း ဆက်ပြီးစစ် ဆေးသွားမှာပါ။ စည်ပင်သာယာ နယ်နိမိတ်ပြင်ပကို သွားမယ်ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နဲ့ ပူးပေါင်း သွားမယ်’’ဟု ဒေါက်တာ ခင်စောလှက ဆက်လက်ပြောကြား သည်။
ပထမအကြိမ် စစ်ဆေးရာ တွင် စားသုံးရန်မသင့်သည့် အစားအသောက်များကို စစ်ဆေးတွေ့ရှိ ပါက ပစ္စည်းများသိမ်းဆည်းကာ အသိပညာပေးခြင်း၊ ဒုတိယအ ကြိမ်တွင် ဆိုင်ပိတ်သိမ်းခြင်းနှင့် ဒဏ်ငွေရိုက်ခြင်းတို့ကိုပြုလုပ်မည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက် ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment