Latest News

Tuesday, May 2, 2017

မြန်မာ့အရေး EU က အခိုင်အမာ ဆက်လက်ကူညီမည်

မြန်မာ့အရေး EU က အခိုင်အမာ ဆက်လက်ကူညီမည်

ဥရောပကော်မရှင် EU ဒုတိယ ဥက္ကဌ Federica Mogherini ဖယ်ဒရီးကား မိုဂေရိနီ က ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အခိုင်အမာ ဆက်လက်ကူညီသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

 ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူမက အခုလိုပြောတာ ဖြစ်ပါတယ်။

ြ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အချိန်ယူလုပ်ဆောင်ရမှာ ဖြစ်သလို ယုံယုံကြည်ကြည် ဇွဲသန်သန်နဲ့ လုပ်ဆောင်မယ့် နိုင်ငံရေးခေါင်းဆောင်မှုလည်း လိုအပ်ကြောင်း ပြောကြားရင်း
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမမှာ အဲဒီလို စွမ်းအားတွေရှိတယ်ဆိုတာ ဆယ်စုနှစ်ပေါင်းများစွာ အထင်ကရ ပြသခဲ့ပြီးပါပြီ။ ဒါကြောင့် ကျမတို့ ဥရောပသမဂ္ဂအနေနဲ့ နိုင်ငံရေးအရရော ငွေကြေးအရပါ အတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးမှာဖြစ်ပါတယ်” လို့ ဥရောပသမဂ္ဂ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင်စေလွှတ်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့်တော့ ဥရောပသမဂ္ဂနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား သဘောထား ကွဲလွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီကော်မရှင်လွှတ်မယ့် ဆုံးဖြတ်ချက်ကို မိမိတို့သဘောတူညီခြင်း မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်မှာ အမှန်ပကတိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ လိုက်လျှောညီထွေ မဖြစ်လို့ပါပဲ။ ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေကိုတော့ ကျမတို့အပြည့်အဝ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဦးဆောင်တဲ့ကော်မရှင်က  ပြသနာဖြစ်ခဲ့တဲ့ နေရာဒေသကို သွားရောက်စုံစမ်းပြီး ပကတိ တွေ့ရှိချက်တွေပေါ် အခြေခံကာ အကြံပေးတင်ပြခဲ့တဲ့ အချက်တွေ ဖြစ်လို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတင်ပြချက်တွေဟာ ဒေသရဲ့ ပကတိလိုအပ်ချက်တွေနဲ့ကိုက်ညီရင် မိမိတို့ လိုလိုလားလား လက်ခံမှာဖြစ်ပါတယ်။ ဒါပေမယ့်
“အဲဒီထောက်ခံတင်ပြချက်တွေဟာ ရခိုင်ပြည်နယ်က ဒေသခံအသိုင်းအဝိုင်း ၂ ခုအကြား ပိုမိုခွဲခြားရာ ကျရောက်မယ်ဆိုရင်တော့ ကျမတို့လက်ခံမှာ မဟုတ်ပါဖူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အဆိုပြုချက်ဟာ စဉ်ဆက်မပြတ် ပေါ်ထွက်နေတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်လို့ပါပဲ” လို့ ပြောသွားပါတယ်။  

ဥရောပကော်မရှင် ဒု ဥက္ကဌ မိုဂေရိနီ က အခုလို မြန်မာပြည်ကို လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာ အချက်အလက် ရှာဖွေရေးကော်မရှင် လွတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား သဘောထားကွဲလွဲမှု ရှိပေမယ့်  “ မြန်မာပြည်အတွက်  အတူတကွ ရှေ့ဆက်လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်တယ်ဆိုတာကို ကျမတို့အကြား အပြည့်အဝ သဘောတူခဲ့ကြပါတယ်။ အချက်အလက်ရှာဖွေရေးကော်မရှင် စေလွတ်မယ့်ကိစ္စက အတိတ်က အဖြစ်အပျက်တွေအပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျမတို့က အခု ကိုဖီအနန်ရဲ့ ထောက်ခံတင်ပြချက်တွေကို လိုက်နာအကောင်အထည်ဖေါ်မှု အပါအဝင် အနာဂတ်အတွက် အာရုံစိုက် လုပ်ဆောင်ကြဖို့ သဘောတူခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment