ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု(ESM)ကို မက်ဆီ (၄)ကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး စီရော်နယ်လ်ဒို၏အောင်မြင်မှုကို လိုက်မီ
ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီသည် ယခုရာသီဥရောပ ရွှေဖိနပ်ဆု (ESM)ကို ဆွတ်ခူးသွားခဲ့ပြီး ယင်းကဲ့သို့ ဆွတ်ခူးနိုင်ခဲ့ခြင်း ကြောင့် စီရော်နယ်လ်ဒိုတင်ရှိထားသည့် အကြိမ်အများဆုံး ဆွတ်ခူးနိုင် သည့်စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ် ကြောင်း သိရှိရသည်။
မက်ဆီသည် ယခုရာသီလာလီဂါတွင် စုစုပေါင်း (၃၇)ဂိုးသွင်းယူ နိုင်ခဲ့သည့်အတွက် စုစုပေါင်း ရမှတ် (၇၄)မှတ်ရရှိခဲ့ပြီး ဥရောပရွှေဖိနပ်ဆု အတွက် ပြိုင်ဘက်များဖြစ်သည့် ဘတ်ဒို့စ်၊ အူဘာမီယန်း၊ လီဝန်ဒေါ စကီး၊ ဟာရီကိန်း၊ ဆွာရက်ဇ်၊ ဂျက်ကို စသည့် ကစားသမားများကို အမှတ် အပြတ်အသတ်အသာရကာ အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သူ သည် ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃ တို့က လည်း ဥရောပရွှေဖိနပ်ဆုများကို ရယူ ခဲ့ဖူးရာ ယခုအကြိမ်တွင် စီရော်နယ်လ်ဒို၏ (၄)ကြိမ်မြောက် ရယူနိုင်သည့် စံချိန်ကိုအမီလိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
Photo: FC Barcelona
Eleven Sports
Tuesday, May 23, 2017
ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု(ESM)ကို မက်ဆီ (၄)ကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး စီရော်နယ်လ်ဒို၏အောင်မြင်မှုကို လိုက်မီ
ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု(ESM)ကို မက်ဆီ (၄)ကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး စီရော်နယ်လ်ဒို၏အောင်မြင်မှုကို လိုက်မီ
Reviewed by Ar Ti
on
11:22 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment