မီးရထားနှင့် ထော်လာဂျီယာဉ် တိုက်မိမူဖြစ်ပွား
သာယာဝတီ မေ ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ ဆရာစံ မြို့သစ်ရပ်ကွက် အောင်သုခလမ်း မီးရထားခုံးကျော် လမ်း၌ မေ ၁၅ ရက် နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်က ဆရာစံမြို့သစ်ဘက်မှ ရန်ကုန်-ပြည်ကား လမ်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ထော်လာဂျီ (အပြာရောင်)မှာ မီးရထားလမ်းအား ဖြတ်ကူးစဉ် ရထား လမ်းပေါ်အရောက် ထော်လာဂျီစက်ရပ်သွားပြီး ပြည်မှ ရန်ကုန်ဘက်သို့ စက်ခေါင်းမောင်း ဦးဌေးဝင်း မလွှကုန်း မီးရထားဝင်းနေသူ မောင်းနှင်ပြီး ရထားထိန်း ဦးရဲနိုင် မလွှကုန်းမီးရထားဝင်းနေသူတို့ လိုက်ပါမောင်းနှင် လာသော စက်ခေါင်း အမှတ်DF-2016 စက်ခေါင်းပါ တွဲ (၁၂)တွဲမီးရထားဖြင့် ဝင်ရောက် တိုက်မိခဲ့ပြီး မီးရထား မှာ ပျက်စီးဆုံးရှိုးမူမရှိဘဲ နံနက်၁ဝ နာရီခန့်တွင် ရန်ကုန် ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ သုံးဆယ်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များ၊ သုံးဆယ်မြို့ အုပ်ချုပ် ရေးမှူး ဦးဇော်လင်းမောင် ဦးစီးအုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး စုံစမ်းမေးမြန်းရာ ထော်လာ ဂျီမောင်းနှင် လာသူမှာ ထော်လာဂျီပေါ်မှ ခုန်ချ ထွက်ပြေး သွားကြောင်း သိရှိရပြီး ထော်လာဂျီပိုင်ရှင်နှင့် ယာဉ်မောင်းတို့အား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးရထားတာဝန်ရှိသူများက အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထော်လာဂျီယာဉ်မှာ ပျက်စီးခဲ့ ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment