ကန် နဲ့ ဆက်ဆံရေးတိုးတက်ဟု ထိုင်း ဝန်ကြီးချုပ် ပြောကြား
ထိုင်း-အမေရိကန်ဆက်ဆံရေးဟာ အရင့်အရင်ကထက်ပိုနီးစပ်လာပြီလို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားတယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က မနေ့က ပြောကြားလိုက်ပါတယ်။
ဒါဟာ ၂၀၁၄ မှာ စစ်အာဏာသိမ်းတာကို အခြေခံပြီး ထိုင်းနိုင်ငံပေါ် အမေရိကန်ကထားရှိတဲ့ သဘောထားကို ရုတ်တရက်ကြီး ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။
ဒါကလည်း မြောက်ကိုရီးယားနဲ့ အမေရိကန်တင်းမာမှု အရှိန်တက်လာချိန်မှာ ဒေသတွင်းထောက်ခံချက်ရဖို့ ကြိုးပမ်းတဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကို သီတင်းပတ်ကုန်ပိုင်းမှာ Donald Trump က တယ်လီဖုန်း သီးခြားစီ ပြောချိန်မှာ သမ္မတအိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
ဒီနှစ်နိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်ကောင်းတွေဖြစ်ပြီး ထိုင်း-အမေရိကန်ဆက်ဆံရေးဟာ ခပ်ခွာခွာ ရှိခဲ့ပေမဲ့ အရင်ကထက်ပို နီးစပ်လာတော့မယ်လို့ အမေရိကန်သမ္မတက ပြောကြားတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ဗန်ကောက်မြို့မှာ ပြောပါတယ်။
အမေရိကန်သမ္မတရဲ့ ဖိတ်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် Prayuth က လက်ခံလိုက်ပေမဲ့ ၀ါရှင်တန်ကို ဘယ်တော့ သွားမယ်ဆိုတာကိုတော့ ထိုင်းအစိုးရက သတင်းမထုတ်ပြန်ပါဘူး။
ဒေသတွင်းမှာ ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်ပေမဲ့ Prayuth ဦးဆောင်ပြီး အရပ်သားအစိုးရကို ၂၀၁၄ က ဖြုတ်ချအာဏာသိမ်းလိုက်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး ခပ်တန်းတန်းဖြစ်ရပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment