စင်ကာပူမှာ မြင်တွေ့ရမယ့် ထူးခြားတဲ့ ကားအရောင်းစက်
မေ ၂၀ ။ ။ ငွေကြေးတတ်နိုင်တဲ့ ကားဝယ်သူတွေနဲ့ ကားအရောင်းကုမ္ပဏီတို့အကြား လက်တစ်ကိုင်စာ နည်းပညာပစ္စည်း တက်ဘလက်တစ်ခုကိုပဲ သုံးပြီး တစ်ထိုင်တည်းနဲ့ ကားတွေကို ပြသရောင်းချပေးနိုင်မယ့် စနစ်တစ်ခုကို ယခုအခါ စင်ကာပူမှာ ဖော်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။
စင်ကာပူက ကားအရောင်းကိုယ်စားလှယ် ဂယ်ရီဟောင်ကတော့ နိုင်ငံမှာ မြေနေရာရှားပါးမှုပြဿနာကို ဖြေရှင်းပြီးသား ဖြစ်စေနိုင်အောင်လို့ မှန်ကာ အဆောက်အအုံကြီးတစ်ခုရဲ့ အထပ်ပေါင်း ၁၅ ထပ်မှာ ပဲ အမျိုးအစားစုံလင်လှတဲ့ ဇိမ်ခံကားတွေကို အဆင့်ဆင့်ထပ်ကာ ပြသရောင်းချနေလျက်ရှိတာဖြစ်ပါတယ်။
ချောကလက်ချောင်းတစ်ခုကို ရွေးသလိုပဲ ကားဝယ်မယ့်သူတွေအနေနဲ့ တစ်ထိုင်တည်းနဲ့ တက်ဘလက် Display ပေါ်မှာ အရာအားလုံးကို ကြည့်လို့ရနိုင်မှာပြီး ကြိုက်တဲ့ကားအမျိုးအစားတွေတာနဲ့ ခလုတ်တစ်ချက်နှိပ် ၀ယ်လို့ရနိုင်မှာ ဖြစ်ပါတယ်။
ယင်း အဆောက်အအုံ မြေညီထပ် ရုံးခန်းတွင်းက ကတ္ထီပါ ဆိုဖာတစ်ခုပေါ်မှာပဲ ၀ယ်သူတွေအနေနဲ့ သက်တောင့်သက်သာ ထိုင်ရင်းနဲ့ Ferrari ၊ Maserati ဒါမှာမဟုတ် Lamborghini စတဲ့ ဇိမ်ခံကားတစ်စီးစီးကို ရွေးချယ်မှာယူလို့ရနိုင်မှာ ဖြစ်ပါတယ်။ ကားတွေကို ရွေးချယ်မှာယူမှုကိုတော့ လက်တစ်ကိုင်စာ ပစ္စည်းလေးပေါ်မှာပဲ ထိနှိပ်လုပ်ဆောင်လို့ရနိုင်မှာဖြစ်ပါတယ်။
တက်ဘလက်ပေါ်မှာ ကြည့်ရွေးရင်းနဲ့ ကားဝယ်သူ ဘက်က စိတ်ကြိုက်ကား တွေ့ပြီ ရွေးချယ်ပြီ ဆိုရင်တော့ အဲဒီရွေးထားတဲ့ ကား ဘယ်လောက် ကောင်းကြောင်း ညွှန်းထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်လို့ရတော့မှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ယင်းအဆောက်အအုံ အပေါ် ၁၅ ထပ် အဆင့်တစ်နေရာမှာ ရှိနေမယ့် ၀ယ်သူရွေးထားတဲ့ကားဟာလည်း အလိုအလျောက်စနစ်နဲ့ အောက်ကို ကျလာတော့မှာ ဖြစ်ပါတယ်။
" အလှမယ်တစ်ယောက်လိုပဲ ကားတစ်စီးချင်းအစီအလိုက် ၀ယ်သူတွေကြိုက်အောင် ပြသထားပါတယ်၊ သူတို့ ရွေးလိုက်ပြီ ဆိုတာနဲ့အရောင်းအ၀ယ် ဖြစ်ပါပြီ" လို့ ဟောင်က ပြောပါတယ်။
အဆိုပါ ကားအရောင်းအ၀ယ် စနစ်ကို စတင်ဖော်ဆောင်ခဲ့ပြီးကတည်းက ကားရောင်းချရမှုနှုန်းပိုင်းမှာ ၃၀ ရာခိုင်နှုန်း တက်လာတယ်လို့လည်း သိရပါတယ်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment