Latest News

Friday, May 12, 2017

ရခိုင်အမျိုးသားနေ့ တရားဝင်သတ်မှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တောင်းဆို

ရခိုင်အမျိုးသားနေ့ တရားဝင်သတ်မှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တောင်းဆို

ရခိုင်အမျိုးသားနေ့ကို တရားဝင်သတ်မှတ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က မေလ(၁၁)ရက်နေ့က ကျင်းပခဲ့ (၄)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့မှာ ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုးထဲမှာ ရခိုင်ကလည်း လူမျိုးကြီးတစ်ခုအနေနဲ့ ပါဝင်တဲ့အတွက် ရခိုင်လူမျိုးတွေရဲ့ အမျိုးသားနေ့ကို အသိအမှတ်ပြုပေးလိုက်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုပြီးခိုင်မာသွားမှာဖြစ်ပြီး အသိအမှတ်မပြုဘဲ လစ်လျှူရှုထားမယ်ဆိုရင်တော့ ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ဘတ်ထဲမှာသူတို့ကို ခွဲခြား ဆက်ဆံခံနေရတယ်လို့ထင်နေမှာဖြစ်တာကြောင့် အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ ဦးဇော်အေးမောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်က နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်က အဖွဲ့အစည်းပေါင်းစုံက ၂၀၁၄ ခုနှစ်မှာ ကျောက်ဖြူညီလာခံကိုကျင်းပခဲ့ပြီး၊ ညီလာခံကနေ ဘုံသဘောတူညီချက်နဲ့ ရခိုင်အမျိုးသားနေ့ ကို ကဆုန်လပြည့်ကျော်(၁)ရက်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီကျောက်ဖြူညီလာခံပြီးတဲ့နောက်မှာတော့ နိုင်ငံတော်အစိုးရကို စာပေးပို့ထားပေမဲ့လည်း အခုအချိန်ထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

Source : MMK :Duwun

No comments:

Post a Comment