Latest News

Sunday, May 21, 2017

ထိုင်းဘုရင်ဘူမီဘောရဲ့ပုံတွေကို မီးရှို့သူများ ဖမ်းဆီးခံရ

ထိုင်းဘုရင်ဘူမီဘောရဲ့ပုံတွေကို မီးရှို့သူများ ဖမ်းဆီးခံရ

ယမန်နှစ်က ကံတော်ကုန်သွားခဲ့တဲ့ ထိုင်းဘုရင်ဘူမီဘောရဲ့ပုံတွေကို မီးရှို့မှုဖြင့် လူ ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့ (မေလ ၂၀ ရက်) မှာ ပြောပါတယ်။ ထိုင်းဘုရင်ဘူမီဘောဟာ ယမန်နှစ် အောက်တိုဘာ ၁၃ ရက်မှာ ကံတော်ကုန်ခဲ့ပြီးနောက် အသက် ၆၄ နှစ်အရွယ် သားဖြစ်သူ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်းက ၎င်းရဲ့ ထီနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။

နန်းသက် ၇၀ ကြာ စိုးစံခဲ့တဲ့ ထိုင်းဘုရင်ဘူမီဘော ကံတော်ကုန်မှုကြောင့် ထိုင်းပြည်သူတွေ ဝမ်းနည်းပူဆွေးခဲ့ကြပြီး ဘုရင်နဲ့ပတ်သက်တဲ့ အဆိုးမြင် ဝေဖန်မှတ်ချက်ပြုမှုတွေကို အထူးစောင့်ကြည့် အရေးယူလေ့ရှိပါတယ်။

- ထိုင်းဘုရင်ဘူမီဘောရဲ့ အရေးပါတဲ့ နေ့စွဲများ

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်၊ ဘုရင့်ကိုယ်စားအုပ်ချုပ်သူနဲ့ ထီးနန်းဆက်ခံသူတို့ကို ဝေဖန်ခြင်းဟာ ရာဇဝတ်မှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။ ဘုရင်ဘူမီဘောရဲ့ ဓာတ်ပုံတွေကို မီးရှို့ခဲ့ကြောင်း သံသယရှိသူ ၅ ဦးကို သောကြောနေ့ (မေလ ၁၈ ရက်) က နိုင်ငံအရှေ့မြောက်ပိုင်း Khon Kaen ဒေသမှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာ အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်းနဲ့ စစ်ဆေးမေးမြန်းနေကြောင်း Khon Kaen ရဲတပ်ဖွဲ့အရာရှိက ဆိုပါတယ်။ ဖမ်းဆီးခဲ့သူအားလုံးကို ဘန်ကောက်မြို့ရှိ ယာယီအကျဉ်းထောင်အဖြစ် အသုံးပြုနေတဲ့ စစ်စခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဘူရင်ဘူမီဘော ကံတော်ကုန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကာလကို တစ်နှစ်ကြာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ယခု ရက်ပိုင်းအတွင်းမှာလည်း လက်ရှိ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုထားတဲ့ အကြောင်းအရာတွေကို ဖယ်ရှားပေးရန် ထိုင်းအစိုးရက လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook ကို ဖိအားပေး တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Source & Photo: Reuters:Duwun

No comments:

Post a Comment