Latest News

Tuesday, May 16, 2017

ညဈေးတန်းဖွင့်ပြီးနောက် လမ်းဘေးဈေးရောင်းချမှုကို ဖမ်းဆီးခြင်းမှ ဒဏ်ငွေ ကျပ် ၄၇ သန်းခန့်ရရှိ

ညဈေးတန်းဖွင့်ပြီးနောက် လမ်းဘေးဈေးရောင်းချမှုကို ဖမ်းဆီးခြင်းမှ ဒဏ်ငွေ ကျပ် ၄၇ သန်းခန့်ရရှိ

ညဈေးတန်းဖွင့်လှစ်ပြီး နောက် လမ်းဘေးဈေးရောင်းချ ခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့ရ သည့် အမှုပေါင်း သုံးထောင်ကျော် မှ ဒဏ်ငွေ ကျပ် ၄၇ သန်းခန့်ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ညဈေးတန်းပြောင်း ရွှေ့ဖွင့်လှစ်ခြင်းအတွက် အသုံးပြု ခဲ့သော ဘဏ္ဍာငွေသုံးစွဲမှုနှင့် ဈေး တန်းရေရှည်တည်တံ့ကောင်းမွန် စေရန် သီးခြားတာဝန်ပေးထား သော အဖွဲ့အစည်းကို သိရှိလို ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ကြည်ပြာက မေလ ၁၆ရက်တွင် ပြုလုပ်သည့် တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် မြို့ တွင်းလေးမြို့နယ်ရှိ လမ်းဘေး ဈေးသည်များကို ရှင်းလင်း၍ ၂၀၁၆ နိုဝင်ဘာကစတင်ကာ ကမ်းနားလမ်းတွင် ညဈေးတန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ညဈေးတန်းတွင် လမ်းဘေး ဈေးသည်များကို နေရာများချ ထားပေးခဲ့၍ မူလမြို့တွင်းနေရာ များ၌ ဆက်လက်ဈေးရောင်းချနေ မှုများကို စည်ပင်သာယာလုံခြုံရေး ရဲ၊ မြန်မာနိုင်ငံလုံခြုံရေးရဲတပ်ဖွဲ့ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပူးပေါင်းကာ ပုံမှန်လှည့် လည်ဖမ်းဆီးနေသည်ဟု ဝန်ကြီး က ဆိုသည်။

လက်ရှိဖွင့်လှစ်ထားသော ညဈေးတန်းကို ရေရှည်တည်တံ့မှု ရှိစေရန် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနအားတာဝန်ပေးအပ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 ညဈေးတန်းဖွင့်လှစ်ခြင်း လုပ်ငန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တောင်းခံသုံးစွဲခဲ့သည့် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံသည် လျှပ်စစ်အ သုံးပြုရန် ထရန်စဖော်မာဝယ်ယူ တပ်ဆင်ခြင်း၊ စီစီတီဗီကင်မရာ တပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်း ခြင်း၊ ဘလောက်တုံးချထားခြင်း၊ လူကူးမျဉ်းကျားနှင့် မျဉ်းဝါတား ခြင်း စသည့်လုပ်ငန်းများအတွက် သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီး က ပြန်လည်ရှင်းလင်းခဲ့သည်။

 ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် ည ဈေးတန်းကို ဖွင့်လှစ်ထားရှိသော် လည်း လမ်းဘေးဈေးသည် စုစု ပေါင်း၏ ထက်ဝက်ခန့်အတွက် သာ နေရာပေးနိုင်၍ နေရာရရှိသည့် ဈေးသည်အများစုသည် လည်း ယင်းနေရာတွင် အရောင်းအဝယ်ကောင်းမွန်ခြင်းမရှိသဖြင့် ဆိုင်ခန်းမဖွင့်နိုင်သေးကြောင်းဒေါ်ကြည်ပြာက ပြောသည်။

7Day News Journal

No comments:

Post a Comment