ဝန်ကြီးချုပ်ဟောင်းများ ကိစ္စအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
ယခင်အစိုးရလက်ထက် က တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ၀န်ကြီးချုပ်ဟောင်း များ စွပ်စွဲခံနေရပြီး ယင်းကိစ္စ အပါအ၀င် ကြားဖြတ်ရွေးကောက် ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ် သက်၍ ပြည်ခိုင်ဖြိုးပါတီက မေ လ ၁၂ ရက်တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
‘‘အဓိကကတော့ လတ်တ လော ကျွန်တော်တို့ တိုင်းဝန်ကြီး ချုပ်တွေနဲ့ ပတ်သက်ပြီးတော့မှစွပ် စွဲပြစ်တင်နေတဲ့ ကိစ္စတွေ၊နောက် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ် သက်တဲ့ကိစ္စတွေ ဒါလေးတွေကို ရှင်းလင်းပွဲ လုပ်သွားမယ်’’ ဟု ဒေါက်တာနန္ဒာလှမြင့်က ပြော ကြားသည်။
ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက် ယက်တွင်းတိမ်လုပ်ငန်းများမှ ရရှိ သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအ၀င် သက် ဆိုင်သူများကို အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်ရန်သမ္မတ ရုံးက မကွေးတိုင်းဒေသကြီးအစိုးရ ကို ညွှန်ကြားထားသည်။
ထို့နောက် ဦးဘုန်းမော်ရွှေ က ပျောက်ဆုံးနေသည့် ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေများအနက် လက် ရှိ မကွေးတိုင်းအစိုးရထံသို့ မေလ ၄ ရက်နှင့် ၅ ရက်တို့တွင် စုစု ပေါင်း ကျပ်သိန်းရှစ်ထောင် ပေး သွင်းခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုး ရဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ခုနစ်ဘီ လီယံကျော် ပျောက်ဆုံးနေမှုသည် ပါတီဌာနချုပ်နှင့် လုံးဝသက်ဆိုင် ခြင်းမရှိကြောင်းနှင့် ပါတီဂုဏ် သိက္ခာညှိုးနွမ်းစေရန် နိုင်ငံရေးအ ရ အမြတ်ထုတ်ပါက ဥပဒေ ကြောင်းအရ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်းပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဧပြီ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မကွေးတိုင်းဒေသကြီးကဲ့သို့ ဖြစ်စဉ်ပုံစံမျိုး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း တွေ့ရှိရ သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ ၀င် ဦးဝင်းထိန်က ပြောကြား သည်။ လက်ရှိတွင် ယခင်ဧရာဝ တီတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရှိအစိုးရအား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရန် ပျက်ကွက်ခဲ့မှုကို စိစစ်ဖော်ထုတ် နိုင်ရေး ဆောင်ရွက်နေသည်။ ဧရာဝတီတိုင်းကိစ္စနှင့် ပတ်သက် ၍ ယခင်တိုင်းဘဏ္ဍာရေးဝန်ကြီး ဟောင်းက မဟုတ်တာလုပ်ခဲ့ခြင်း မရှိဟု ပြောကြားထားသည်။
ထို့အပြင် ကြားဖြတ်ရွေး ကောက်ပွဲနှင့် ပတ်သက်၍လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ခေါင်းဆောင်ပိုင်းမှ ဦးတင်ဦး၊ ဦး ၀င်းထိန်တို့သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေအပါအ၀င် ဥပဒေ၊ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်သည်ဆိုကာ အရေးယူပေး ရန် ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် နိုင်ငံရေးပါတီ၁၃ခုကမေလ ၈ ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့် ကွက်လွှာတင်သွင်းခဲ့သည်။
ထို့အပြင် ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ကော့မှူးနှင့် ဒဂုံ အရှေ့မြို့နယ်များမှ အနိုင်ရNLDကိုယ်စားလှယ်များကို ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်များက ကန့် ကွက်လွှာ တင်သွင်းထားသည်။
7Day News Journal
Thursday, May 11, 2017
ဝန်ကြီးချုပ်ဟောင်းများ ကိစ္စအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
ဝန်ကြီးချုပ်ဟောင်းများ ကိစ္စအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
Reviewed by Ar Ti
on
12:24 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment