ကောလာဟလဖန်တီးသူတွေကို အရေးယူမည်
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှုတ်ထွက်တယ်ဆိုတဲ့သတင်း၊ သူရဦးရွှေမန်းကို သမ္မတအဖြစ်ခန့်ဖို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ် ပြန်အလာကို စောင့်နေတယ်ဆိုတဲ့ သတင်းဖြန့်ချိသူတွေကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။
အခြေအနေပေါ်မူတည်ပြီး တရားစွဲဆိုမှုကို ကိုယ်တိုင်ဆောင်ရွက်သွားဖို့လည်း ရှိတယ်လို့ပြောပါတယ်။
အခုလိုသတင်းတွေ ထွက်ပေါ်တာဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်နဲ့ တိုက်ဆိုင်နေပြီး အခုဖြစ်ပေါ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ယူဆတဲ့အတွက် အခုလိုအရေးယူဖို့ လုပ်ဆောင်တာလို့လည်း ပြောပါတယ်။
အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကို အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ကလည်း ဦးဝင်းထိန် ကျန်းမာရေးမကောင်းလို့ ပါတီကနှုတ်ထွက်တယ်ဆိုတဲ့ အင်န်အယ်လ်ဒီပါတီတံဆိပ်တုံးနဲ့ လူမှုကွန်ရက်တင်ခဲ့တယ်ဆိုပြီး ပဲခူးက ဦးဖိုးထောင်ဆိုသူကို တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။
Photo: Win Ko Ko Latt/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment