အန်အယ်လ်ဒီအစိုးရလက်ထက် ပြန်ကြားရေးအားနည်းလွန်းတယ်ဟု ၀န်ကြီးဟောင်း ဦးရဲထွဋ်ဝေဖန်
အန်အယ်လ်ဒီ အစိုးရတက်လာပြီး တနှစ်ကျော်ကြာလာပြီဖြစ်ပေမယ့် အစိုးရရဲ့ ပြန်ကြားရေးလုပ်ငန်းတွေ ဆောင်ရွက်တာ အရမ်းအားနည်းတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဒီနေ့မနက် မြန်မာသတင်းပညာသိပ္ပံမှာ ပြုလုပ်တဲ့ မြန်မာ့မီဒီယာလောက ရှေ့ဆက်အလားအလာ ဟောပြောပွဲမှာ ပြောဆိုလိုက်ပါတယ်။
“အန်အယ်လ်ဒီ အစိုးရဟာ ပြန်ကြားရေးအားနည်းတဲ့အပြင် စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍအသီးသီးမှာလည်း ရေရှည်စီမံကိန်းချပြီး မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူး” လို့လည်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။
အန်အယ်လ်ဒီ ဟာ အခုငါးနှစ်မှာ ဘာလုပ်မလဲ နောင်ငါးနှစ်မှာ ဘာလုပ်မလဲ စနစ်တကျ ချပြတာမျိုး မတွေ့ရဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။
ဇေယျာချမ်းအေး
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment