Latest News

Tuesday, May 23, 2017

မန်ချက်စတာမြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် မန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်

မန်ချက်စတာမြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် မန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်

မန်ချက်စတာမြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် မန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ညက မန်ချက်စတာမြို့တွင် ပြုလုပ်ခဲ့သည့် အမေရိကန်အဆိုတော် Ariana Grande ၏ ဂီတဖျော်ဖြေပွဲတွင် အကြမ်းဖက်တစ်ဦးက ဗုံးဖောက်ခွဲခဲ့ရာ လူပုဂ္ဂိုလ် (၂၂)ဦး သေဆုံးပြီး (၁၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မန်ယူအသင်းသည် ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ၀မ်းနည်းကြောင်း ပြသသည့်အနေဖြင့် လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၏ ကာရင်တန် လေ့ကျင့်ရေးကွင်းတွင် လုံခြုံရေး တိုးမြှင့်ထားပြီး လေ့ကျင့်ရေးကွင်းသို့ လာရောက်သည့် ကစားသမားများ၏ ကားများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန်ချက်စတာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲကို မူလစီစဉ်ထားသည့်အတိုင်း လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က အတည်ပြုခဲ့သည်။

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းနှင့် နယ်သာလန်ကလပ် အေဂျက်စ်အသင်းတို့ တွေ့ဆုံနေပြီး ယင်းဗိုလ်လုပွဲကို ပစ်မှတ်ထားတိုက်ခိုက်မည့် သတင်းစကား တစ်စုံတစ်ရာ ရရှိထားခြင်း မရှိကြောင်း UEFA ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ယူရိုပါလိဂ် ဗိုလ်လုပွဲကိုမူ လုံခြုံရေး တိုးမြှင့်မည်ဖြစ်ပြီး စစ်ဆေးမှုများစွာ ပြုလုပ်မည်ဖြစ်ရာ ပရိသတ်များအနေဖြင့် ဗိုလ်လုပွဲ ကျင်းပရာကွင်းသို့ တတ်နိုင်သမျှစော၍ လာရောက်ရန် UEFA က တိုက်တွန်းထားသည်။

Photo: DailyMail
Eleven

No comments:

Post a Comment