ကျူးကျော် အိမ်ထောင်စုများကို သက်သေခံ စမတ်ကတ်များ နေ့စဉ် ထုတ်ပေးနေရ
ရန်ကုန် မေ ၃
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော် အိမ်ထောင်စုများကို သက်သေခံ စမတ်ကတ်များ ထုတ်ပေးရာတွင် နေ့စဉ် အိမ်ထောင်စုပေါင်း ၅ဝဝ မှ ၁၅ဝဝ ခန့်အထိ ထုတ်ပေးနေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဓိကအားဖြင့် သက်သေခံ စမတ်ကတ် ထုတ်ပေးရာတွင် ကျူးကျော်နေထိုင်မှု များသော လှိုင်သာယာ မြို့နယ်၌ စတင် လုပ်ဆောင်နေပြီး ရွှေလင်ပန်း စက်မှုဇုန် အနီး အထက်တန်းကျောင်း လေးခု၌ ထုတ်ပေးလျက်ရှိကြောင်း၊ ကျူးကျော်နေထိုင်ကြောင်း သက်သေခံ စမတ်ကတ်များ ထုတ်ပေးခြင်းကို နောက်ဆုံးရက် သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။ အဆိုပါ သက်သေခံ စမတ်ကတ်များ ထုတ်ယူရာတွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ယာယီပေးထားသည့် စာရွက်များနှင့်အတူ အိမ်ထောင်စု အတွင်း အတူနေထိုင်သူ များအား ဓာတ်ပုံရိုက်ယူ၍ အိမ်ထောင်ဦးစီး၏ လက်ဗွေရာကို ကွန်ပျူတာ၌ ထည့်သွင်းပြီး သတ်မှတ်စည်းကမ်း ပြည့်မီသူများ ကိုသာ ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျူးကျော် အိမ်ထောင်စုများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိနေပြီး မည်သည့်နေရာ၌ ချထားပေးမည်နှင့် မည်ကဲ့သို့ လုပ်ဆောင်ပေးမည်ကို အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြ၀တီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment