Latest News

Monday, May 15, 2017

မန္တလေးမြို့၌ မေ ၁၄ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

မန္တလေးမြို့၌ မေ ၁၄ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

မန္တလေး မေ ၁၅

ယခုရက်ပိုင်းအတွင်း အနောက်တောင်မုတ်သုံလေ များ မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့ ဝင်ရောက် လာခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်း ထန်စွာရွာသွန်းလျက်ရှိရာ မန္တလေးမြို့၌လည်း မေ ၁၄ ရက် ည ၁ဝ နာရီခန့်မှ မေ ၁၅ ရက် နံနက် ၃ နာရီခန့်အထိ မိုးရေချိန် ၂ ဒသမ ၄ဝ လက်မကျော် ရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ) ညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

''မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေနဲ့ မ္တလေး မှာ ၂၄နာရီအတွင်းရွာတဲ့ မိုးရေချိန်က တစ်လက်မခွဲ ကျော်ရင် မိုးကြီးတယ်လို့ သတ်မှတ်နိုင်တယ်။ အခုက နာရီပိုင်းအတွင်းကို နှစ်လက်မကျော်တော့ မိုးတော်တော်များ တယ်လို့ ပြောလို့ရတယ်။ မေလအပူချိန်က လည်း စံချိန်တင်လောက်အောင် မပူသေးပါဘူး''ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မိုးရွာသွန်းမှုများသည် မြန်မာနိုင်ငံအထက်ပိုင်းတွင် လေထုမငြိမ်သက်ခြင်း၊ အနောက်လေပွေလှိုင်းများကြောင့် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခတ်ခြင်းစသည်တို့ကြောင့် မိုးရွာသွန်းခဲ့ကြောင်း သိရ သည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်ရှိ အချို့ မြို့နယ်၊ ရပ်ကွက်များ တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ၇၈ လမ်းနှင့် လမ်း ၃ဝ တို့တွင် လမ်းမပေါ်ရေများ တစ်ပေခွဲကျော်အထိ မြင့်တက်ခဲ့ပြီး မန္တလေး မြို့တော် စည်ပင် သာယာရေးကော်မတီသန့်ရှင်းရေးဌာနမှ လူအင်အား၊ စက်ယ္တရားများ အသုံးပြု၍ ယနေ့ နံနက်ပိုင်းတွင် အင်အား ပြည့်သုံးကာ ရေစီးဆင်းမှုကောင်းမွန်စေရေးအတွက် ရေထွက် ပေါက်များတွင် ပိတ်ဆို့နေသော အမှိုက်များကို ဖယ်ရှားခြင်း၊ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းမြောင်းများတွင် စက် ယ္တရားများကိုအသုံးပြု၍ မြောင်းဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် နံနက်ပိုင်းတွင်ပင် မန္တလေးမြို့ အတွင်း ရေများ ပြန်လည်ကျဆင်းသွားကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment