Latest News

Tuesday, May 2, 2017

ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအစီအစဉ် ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည် ပယ်ချ။ ကုလသမဂ္ဂဆုံးဖြတ်ချက်များမှာ အမြဲတစ်စေဖြစ်ပေါ်လျှက်ရှိသည့် ပြဿနာများကို ဖြေရှင်းရန် အထောက်အကူမဖြစ်နိုင်သည့်အတွက် လက်ခံလိမ့်မည် မဟုတ်ဟုဆို

ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအစီအစဉ် ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည် ပယ်ချ။ ကုလသမဂ္ဂဆုံးဖြတ်ချက်များမှာ အမြဲတစ်စေဖြစ်ပေါ်လျှက်ရှိသည့် ပြဿနာများကို ဖြေရှင်းရန် အထောက်အကူမဖြစ်နိုင်သည့်အတွက် လက်ခံလိမ့်မည် မဟုတ်ဟုဆို

( မေ-၀၃၊ ၂၀၁၇ ) ယိုလိမ်ညာ မူဆလင်တို့အပေါ် မြန်မာလုံခြုံရေးတပ်များက ရာဇ၀တ်မှု့ကျူးလွန်သည်ဟု စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ယနေ့ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင်း လူသတ်မှု့၊ အဓမ္မပြုကျင့်မှု့နှင့် ညှင်းပန်းနှိပ်စက်မှု့အတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံသို့စေလွှတ်ရန် ကမ္ဘာ့ကုလသမဂ္ဂက လွန်ခဲ့သည့် မတ်လတွင် သဘောတူခဲ့သည်။

“ အဲဒါကို ကျွန်မတို့သဘောမတူပါဘူး.. “ ဟု ဘယ်ဂျီယန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ဥရောပသမဂ္ဂ သံတမန်အကြီးအကဲနှင့်ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှု့နှင့်ပတ်သက်၍ သတင်းထောက်များ မေးမြန်းချက်ကို မြန်မာခေါင်းဆောင်က ဖြေကြားသည်။

“ကုလသမဂ္ဂဆုံးဖြတ်ချက်ဟာ အမှန်တကယ်လက်တွေ့ဖြစ်ရပ်နဲ့ ကွာခြားနေလို့ ကျွန်မတို့ သဘောမတူနိုင် အောင်ဖြစ်ရပါတယ် “

ဒေသအတွက် အမှန်တကယ်လိုအပ်သောဆုံးဖြတ်ချက်ဖြစ်လျှင် မြန်မာနိုင်ငံအနေနှင့် ၀မ်းမြောက်ဝမ်းသာ လက်ခံရန်ရှိကြောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က ဆက်လက်ပြောကြားသည်။  ရခိုင်ဒေသတွင်း လူ့အဖွဲ့ အစည်းနှစ်ခုတို့ကြား ခွဲခြားရာရောက်သည့် ယခုဆုံးဖြတ်ချက်များမှာ အမြဲတစ်စေဖြစ်ပေါ်လျှက်ရှိသည့် ပြဿနာများကို ဖြေရှင်းရန် အထောက်အကူမဖြစ်နိုင်သည့်အတွက် လက်ခံလိမ့်မည် မဟုတ်ဟုဆိုသည်။

လူ့အခွင့်အရေးကာကွယ်သူအဖြစ် နိုင်ငံတကာထင်ရှားခဲ့ရသူသည် ယိုလိမ်ညာအရေးဖြေရှင်းရန်နှင့် ဖြိုခွင်းမှု့ များအတွက် ဝေဖန်ရှုတ်ချရန် တွန့်ဆုတ်နေသည်။

မြန်မာနယ်ခြာစောင့်တပ်စခန်းများ ကြောက်မက်ဖွယ်ရာတိုက်ခိုက်ခံရပြီးနောက် မြန်မာ့တပ်မတော်က လချီ ကြာသော နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် နိုင်ငံမဲ့ယိုလိမ်ညာ ရာပေါင်းများစွာသေဆုံးခဲ့ရကြောင်း နှင့် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်သို့ လူ-၇၅’၀၀၀  နီးပါးထွက်ပြေးရသည်ဟု လူ့အခွင့်အရေးအဖွဲ့စည်းများက ပြောဆို ထားသည်။


Photo: AFP
Htay Oung

No comments:

Post a Comment