Latest News

Sunday, May 14, 2017

၂၀၀၈ ဖွဲ့စည်းပုံသည် တပ်မတော်၏ အကျိုးစီးပွားကို တစ်စိတ်တစ်ပိုင်းကာကွယ်ရန် ဖြစ်ကြောင်း ဦးရဲထွဋ်ပြော

၂၀၀၈ ဖွဲ့စည်းပုံသည် တပ်မတော်၏ အကျိုးစီးပွားကို တစ်စိတ်တစ်ပိုင်းကာကွယ်ရန် ဖြစ်ကြောင်း ဦးရဲထွဋ်ပြော


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်၏ အကျိုးစီးပွားကို တစ်စိတ်တစ်ပိုင်းကာကွယ်ရန် ဖြစ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဟောင်းလည်းဖြစ်၊  တပ်မတော်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်သည့် ဦးရဲထွဋ် ကပြောကြားသည်။

မေ ၁၄ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပရိသတ်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဦးရဲထွဋ်က ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"၂၀၀၈ ဖွဲ့စည်းပုံဟာ တပ်မတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တစ်စိတ်တစ်ပိုင်းပါတယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် တပ်မတော်ရဲ့ အကျိုးစီးပွားက ဘာလဲဆိုတော့ နံပါတ်တစ်က နိုင်ငံရေးသမားတွေ ရန်ဖြစ်တိုင်း စစ်တပ်ကထထပြီး စစ်တိုက်နေရတဲ့ဟာကို ရှောင်ချင်တယ်။ နှစ်ကတော့ နိုင်ငံရေးအကျပ်အတည်းဖြစ်တိုင်း တပ်မတော်က အကြိမ်ကြိမ်ဝင်ပြီးတော့မှ အာဏာသိမ်းရတဲ့ အဖြစ်မျိုးကိုမလုပ်ချင်ဘူး။ ရှင်းရှင်းပြောရရင် ၆၂ခုနှစ်၊ ၈၈ခုနှစ်မှာ နိုင်ငံရေးပဋိပက္ခဖြစ်တဲ့အခါမှာ တပ်မတော်က ပြောရေးဆိုခွင့်မရှိခဲ့ဘူး။ ဥပမာ ဆိုပါတော့၊ ၈၈ခုနှစ် ပါတီညီလာခံမှာ ကြည့်မယ်ဆိုရင် ဦးနေဝင်းက တစ်ပါတီစနစ်ကို ကြိုက်သလား၊ ဒီမိုကရေစီ စနစ်ကို ကြိုက်သလား၊ ပြည်သူ့ဆန္ဒခံယူသင့်ပါသလား ပြောတဲ့အချိန်မှာ ပါတီညီလာခံမှာ ရှိတဲ့လူတွေအားလုံးက ကန့်ကွက်တယ်။ ဒါပေမယ့် တပ်မတော်က ကိုယ်စားလှယ်အဖွဲ့ အယောက်၂၀ လောက်ပဲရှိတယ်။ ညီလာခံ ကတော့ ထောင်ကျော်တာပေါ့။ တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင်၊ အဲဒီတုန်းက ရမခတိုင်းမှူး ဗိုလ်မှူးချုပ်မောင်သင်းကတော့ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုသိဖို့ အတွက် ဆန္ဒခံယူပွဲလုပ်တာကို သဘောတူပါတယ်။ လိုအပ်တဲ့ဟာအားလုံးကို ကူပါ့မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က အနည်းစုဖြစ်ခဲ့တယ်။ နောက်ဆုံး မနိုင်တဲ့အခါ ရုပ်သိမ်းခဲ့ရတယ်" ဟု ဦးရဲထွဋ်ကပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးရဲထွဋ်၊ ဦးကိုကိုကြီး၊ ဦးနေဘုန်းလတ်တို့က လက်ရှိဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

မင်းထင်(NewsWatch)

No comments:

Post a Comment