ကမ္ဘောဇဘဏ်က အမှုဆောင်အရာရှိချုပ်သစ် ခန့်အပ်
ရန်ကုန်၊ မေ ၁၁
ပြည်တွင်းတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်က နိုင်ငံတကာတွင် ဘဏ်လုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းစုကြီးများ၌ ထိပ်တန်းရာထူးများဖြင့် လုပ်ကိုင်ခဲ့သော အမေရိကန်နိုင်ငံသား Mr.Mike DeNoma ကို Special Advisor to the Chairman နှင့် ဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
Mr.Mike DeNoma သည် ကမ္ဘာ့အကြီးဆုံး ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော ဗြိတိန်နိုင်ငံ အခြေစိုက် Standard Chartered Bank၊ ထိုင်ဝမ်အခြေစိုက် Chinnatrust Commercial Bank (CTBC Bank) များတွင် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုကမ္ဘောဇဘဏ်တွင် စတင်တာဝန်မထမ်းဆောင်မီတွင် ဗြိတိန်အခြေစိုက် ဟိုတယ်လုပ်ငန်းစု ဖြစ်သည့် GLH Hotels ၏ အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။
ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက “Mr. Mike DeNoma ရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေက ကမ္ဘောဇဘဏ်လီမိတက်ရဲ့ အတွေ့အကြုံတွေ ဖြစ်လာပါပြီ။ ဘဏ်လုပ်ငန်းဝန် ဆောင်မှုအသုံးပြုနေတဲ့ Customer များအတွက် ပြည်တွင်းဈေးကွက်နဲ့ ပြည်ပကအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ တီထွင်ဆန်းသစ်မှုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ကမ္ဘောဇဘဏ်အနေဖြင့် အမှုဆောင်အရာရှိချုပ် အသစ်ခန့်အပ်ခြင်းအပြင် ဦးအောင်ကျော်မျိုး၊ ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့ကိုလည်း Deputy CEO များအဖြစ် တိုးမြှင့်ခန့်အပ်လိုက်သည်။
TheVoice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment