Latest News

Monday, May 1, 2017

ကလေးငယ်များ ဂိမ်းကစားခြင်းဖြင့်သာ အချိန်မကုန်ဆုံးစေဘဲ အစစ်အမှန်ဘဝထဲတွင် ပျော်ရွှင်စေလိုကြောင်း ဦးမင်းကိုနိုင်ပြော

ကလေးငယ်များ ဂိမ်းကစားခြင်းဖြင့်သာ အချိန်မကုန်ဆုံးစေဘဲ အစစ်အမှန်ဘဝထဲတွင် ပျော်ရွှင်စေလိုကြောင်း ဦးမင်းကိုနိုင်ပြော

 ယနေ့ခေတ် ကလေး ငယ်များ တိုက်ခန်းအတွင်း ဂိမ်း ကစားရင်းဖြင့်သာ အချိန်မကုန် ဆုံးစေရန် ရည်ရွယ်၍ သုဝဏ္ဏပန်း ခြံအတွင်း ကလေးများဖတ်ရှုနိုင် ရန် စာအုပ်စင်များ ထားရှိခြင်းဖြစ် ကြောင်း ယင်းအစီအစဉ်ကို ပြု လုပ်သည့် ပျိုးခင်းမောင်နှမများ အဖွဲ့မှ ဦးမင်းကိုနိုင်က ပြောကြား သည်။
သင်္ဃန်းကျွန်းမြို့နယ် သံသု မာလမ်းနှင့် ပေါ်ဆန်းလမ်းထောင့် ရှိ သုဝဏ္ဏပန်းခြံအတွင်း စာအုပ် စင်ထားရှိခြင်း ဖွင့်ပွဲအခမ်းအနား ကို မေလ ၁ ရက်က ကျင်းပခဲ့၍ ကလေးငယ်များ ပန်းချီရေးဆွဲ ခြင်း၊ မြန်မာ-အင်္ဂလိပ် ကလေး ကဗျာများ ရွတ်ဆိုခြင်း၊ ပုံပြင်များ ကို သရုပ်ဖော်ခြင်းတို့ ပြုလုပ်ခဲ့ သည်။

လက်ရှိ ကလေးငယ်များ သည် တိုက်ခန်းအတွင်း ဂိမ်းကစားခြင်းဖြင့် စိတ်ကူးကမ္ဘာထဲတွင် ပိတ်မိနေ၍ ကလေးငယ်များ၏ စိတ် ထွက်ပေါက်ပျော်ရွှင်မှုကို ပေးခြင်း နှင့် ပြင်ပလူ့လောက၌ ရင်ဆိုင်ရမည့် ဘဝအစစ်အမှန်ကို ရင်ဆိုင်ဖြေရှင်းတတ်စေရန် ရည်ရွယ်ပြု လုပ်ခြင်းဖြစ်ကြောင်း ဦးမင်းကို နိုင်က ပြောသည်။

‘‘တကယ့်အပြင်လောက ကြီးက ဂိမ်းထဲက ဇာတ်ကောင် တွေနဲ့ မတူပါဘူး။ သူတကယ် တမ်းရင်ဆိုင်ရမှာက လူသားအ စစ်တွေနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီလူ သားအစစ်တွေမှာ အကောင်း တွေ၊ အဆိုးတွေ ရှိနေပါတယ်။ ကလေးတွေကို စဉ်းစားတွေး တောတတ်စေချင်တယ်။ ဒါ ကြောင့် တိုးတက်ပြောင်းလဲလာ တဲ့ ခေတ်ကြီးမှာ လူကြီးတွေက ကလေးတွေ ငြိမ်နေရင်ပြီးရောဆို ပြီး ဖုန်းတွေ၊ ဂိမ်းစက်ပစ္စည်းတွေ နဲ့ ပစ်ထားကြတယ်။ အဲဒီကလေး တွေက တကယ့်လူ့ဘဝအစစ်ထဲ  ကို တက်လှမ်းလာတဲ့အခါကျရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလာ နိုင်ပါတယ်။ ကလေးတွေကို အ စစ်အမှန် ဘဝကြီးထဲမှာ ပျော်စေ ချင်ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

လက်ရှိ သုဝဏ္ဏပန်းခြံထဲ တွင် စာအုပ်စင်များထားရှိ၍ ဘာ သာပြန်ပုံပြင်စာအုပ်များ၊ ကလေးဇာတ်ကောင်များပါဝင်သည့် ကာ တွန်းရုပ်ပြများ၊ မြတ်မင်္ဂလာ စသည့်စာအုပ်များ ထားရှိကာ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့ ညနေ ၄ နာရီမှ ၆ နာရီအထိ ပန်းချီရေးဆွဲနည်းများ သင်ကြားပေး ခြင်း၊ အနုပညာရှင်များက ပုံပြင်များ ပြောပြခြင်းတို့ ပြုလုပ်မည်ဖြစ်၍ နောက်ပိုင်း၌ ကလေးငယ် များအတွက် မျက်လှည့်များ ပြသ သွားရန် စီစဉ်ထားကြောင်း သိရ သည်။

‘‘ကလေးဘဝတွေက လူကြီး တွေထက် အရေးကြီးပါတယ်။ အ ရင်က ဒီလိုမနေခဲ့ရလို့ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအရမ်းနောက်ကျ နေတယ်။ ငြိမ်းချမ်းရေးမရသေး ဘူး။ ကလေးတွေ ကျွန်မတို့လို အရွယ်ရောက်ရင် ကျွန်မတို့နဲ့မတူ တဲ့ သာယာပျော်ရွှင်ဖွယ်ကောင်း တဲ့၊ လူသားချင်းစာနာထောက် ထားတဲ့ ငြိမ်းချမ်းတဲ့ဘဝတွေကို တည်ဆောက်ပေးရတော့မယ်’’ ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က အဆိုပါပွဲ သို့ တက်ရောက်ပြောကြားသည်။

ထိုသို့ ကလေးငယ်များအ တွက် ပြုလုပ်ပေးခြင်းသည် ရည် ရွယ်ချက်ကောင်းမွန်၍ ကလေး ငယ်များ အသိပညာ၊ ဗဟုသုတတိုးပွားစေကာ အမှားနှင့် အမှန်တို့ကို ပင်ကိုဉာဏ်ရည်ဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း သုဝဏ္ဏမြို့နယ်နေ ဒေါ်သန်းကြည်က သုံးသပ်ပြောသည်။


7Day News Journal

No comments:

Post a Comment