ကျန်းမာတော်မူကြပါစခင်ဗျာ။
၂၅-၅-၂၀၁၇
ည(၉း၂၃)နာရီ
၂၀၁၇ ခုနှစ်၊ မေလ (၂၆) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၂၅-၅-၂၀၁၇)ရက် နံနက် (၀၉း၀၀)နာရီအချိန်KALPANA_1ဂြိုဟ်တု မှ တိုင်းတာပေးချက်အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း မှာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေပါတယ်။ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း နှင့် အနောက်တောင်ပိုင်း တို့မှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ် အော် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
လေဖိအားနည်းရပ်ဝန်း အခြေအနေ။
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း မှာ လေဖိအားနည်းရပ်ဝန်း တစ်ခု စတင် ဖြစ်ပေါ် နေပြီး၊ ပိုမို အားကောင်း လာကာ၊ မုန်တိုင်းငယ် တစ်ခု ဖြစ်လာ နိုင်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မွန်-တနင်္သာရီကမ်းရိုးတနှ်းင့် ကမ်းလွန်ပင်လယ်ပြင် လှိုင်းကြီးနိုင်ပြီး၊ကျန်မြန်မာ့ကမ်းရိုးတန်းနှင့်  ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအသင့်အတင့်ရှိပါမယ်။ မွန် -တနင်္သာရီကမ်းရိုးတန်း နှင့် ကမ်းလွန်ပ င်လယ်ပြင် မှာလှိုင်းအမြင့် (၂)ပေခန့် မှ (၄)ပေခန့် ရှိ ကျန်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၅)ပေခန့် မှ (၈)ပေခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များ ဟာ ချင်းပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ30°C–33°Cခန့်၊ကျန်ဒေသ တွေမှာ34°C–40°C ရှိနိုင်ပါ တယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် (တောင်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မား အဆင့် တွင်ရှိ နေနိုင်ပြီး၊ ကျန်ဒေသ တွေမှာ လွန်ကဲ အဆင့် တွင်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ရန်အလားအလာ။ တပြည်လုံးတွင် မိုးတိမ်တောင်ဖြစ်ရန် အလားအလာ ၅၅% မှ ၇၅% ခန့် သေချာမှုရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကယား ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေ သကြီး တို့မှာ နေရာစိပ်စိပ်၊ ကျန်ဒေသတွေမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပါမယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment