Latest News

Tuesday, May 30, 2017

"ဘီလ်ဘာအို နည်းပြဟောင်း ဗယ်လ်ဗားဒေး ဘာစီလိုနာ နည်းပြသစ်ဖြစ် လာ"

"ဘီလ်ဘာအို နည်းပြဟောင်း ဗယ်လ်ဗားဒေး ဘာစီလိုနာ နည်းပြသစ်ဖြစ် လာ"

လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လစ်လပ်လျက်ရှိနေတဲ့ နည်းပြရာထူးနေရာအတွက်  ဘီလ်ဘာအိုနည်းပြဟောင်း အာနက်စ်တို ဗယ်လ်ဗားဒေးကို ၂နှစ်စာချုပ်နဲ့တနင်္ဂလာနေ့ ခန့်အပ်လိုက်တယ်လို့ အသင်က ကြေငြာခဲ့ပါတယ်။ အသက် ၅၃နှစ်အရွယ်ရှိတဲ့ ဗယ်လ်ဗားဒေး ဟာ  ဘာဆာရဲ့ ဂန္ထ၀င်နည်းပြဟောင်း ယိုဟန် ခရိုက်ဇ် ကိုင်တွယ်ခဲ့တုန်းက  ဘာစီလိုနာ ကစားသမားဖြစ်ခဲ့ဖူးသူဖြစ်လို့ အသင်းရဲ့ ဘောလုံး ဒဿနများ နဲ့ နီးစပ်သူဖြစ်ပြီး စပိန်လာလီဂါမှာကျင်လည်နေတဲ့ ၀ါရင့်နည်းပြ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေက သူ့ကို ဘာစီလိုနာ အသင်းနည်းပြသစ် ဖြစ်လာစေခဲ့တယ်လို့ မီဒီယာတွေက ဆိုပါတယ်။ ဗယ်လ်ဗားဒေးဟာ ဘာစီလိုနာရဲ့ မြို့ခံပြိုင်ဖက် အက်စ်ပန်ညိုမှာ နည်းပြခဲ့ဖူးသူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ယူရိုပါလိဂ် ဖိုင်နယ်ရောက်အောင်စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။ ဘီလ်ဘာအိုနဲ့အတူ ၄ရာသီကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၅ခုနှစ်မှာ စပိန် ဘုရင့်ဖလားဖိုင်နယ်နဲ့ စပိန်စူပါဖလားမှာ ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေး ခဲ့တဲ့ ဗယ်လ်ဗားဒေးကို  လာမယ့် ကြာသာပတေးနေ့မှာ ပရိသတ်၊ မီဒီယာတွေနဲ့ မိတ်ဆက်ပေးသွားမယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဗယ်လ်ဗားဒေးဟာ ၄-၂-၃-၁ ကစားကွက်ကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူ ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ လူငယ် ကစားသမားတွေကို နေရာပေးလေ့ ရှိသူလို့ နာမည်ကြီးသူလည်းဖြစ်ပါတယ်။

"အာနက်စ်တို ဗယ်လ်ဗားဒေးရဲ့ နည်းပြ မှတ်တမ်း( %) "

၁) ဘီလ်ဘာအို ( ၂၀၀၃-၀၅) - ၉၃ပွဲ၊ ၃၈နိုင်၊ ၂၃သရေ၊ ၃၂ရှုံး - ၄၀.၈၆
၂) အက်စ်ပန်ညို ( ၂၀၀၆-၀၈) - ၉၉ပွဲ၊ ၃၉နိုင်၊ ၂၈သရေ၊ ၃၂ရှုံး- ၃၉ .၃၉
၃) အိုလံပီယာကော့စ်( ၂၀၀၈-၀၉) - ၄၇ပွဲ၊ ၃၂နိုင်၊ ၆သရေ၊ ၉ရှုံး- ၆၈.၉
၎) ဗီလာရီးယဲယ် ( ၂၀၀၉-၁၀) - ၃၂ပွဲ၊ ၁၃နိုင်၊ ၇သရေ၊ ၁၂ရှုံး - ၄၀.၆၃
၅) အိုလံပီယာကော့စ် ( ၂၀၁၀-၁၂) - ၈၀ပွဲ၊ ၆၀နိုင်၊ ၇သရေ၊ ၁၃ပွဲရှုံး - ၇၅
၆) ဗလန်စီယာ ( ၂၀၁၂-၁၃) - ၃၁ပွဲ၊ ၁၇နိုင်၊ ၇သရေ၊ ၇ ရှုံး - ၅၄.၈၄
၇) ဘီလ်ဘာအို ( ၂၀၁၃-၁၇)- ၂၁၂ပွဲ၊ ၁၀၂နိုင်၊ ၄၅သရေ၊ ၆၅ရှုံး - ၄၈.၁၁

"အောင်မြင်မှု"

၁) ယူအီးအက်ဖ်အေကပ် ဖိုင်နယ် - ၂၀၀၆-၀၇ ( အက်စ်ပန်ညို)
၂) ဂရိ အမှတ်ပေးချန်ပီယံ - ၃ကြိမ်၊ စူပါဖလား ၂ကြိမ် (အိုလံပီယာကော့စ်)
၃) စပိန် စူပါဖလား - ၂၀၁၅ ( ဘီလ်ဘာအို)

BBC

No comments:

Post a Comment