ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မျောက်ကိုက်ခံရသူများကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု တာဝန်ရှိသူပြော
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မျောက်ခြံအတွင်း သန့်ရှင်းရေး လုပ်နေစဉ် သံကြိုးနှင့်ယာယီတုပ် နှောင်ထားသော ကြားတံခါးပွင့် ပြီး အမျိုးသမီးနှစ်ဦးကို ရန်ပြုခဲ့ သဖြင့် ဒဏ်ရာရရှိမှုကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းအောင်က ပြောသည်။
‘‘ဘယ်သူပဲ လုပ်ခဲ့ လုပ်ခဲ့ပါ၊ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ တကယ်လည်း စိတ်မကောင်းဖြစ် ရတယ်။ ဥယျာဉ်ကို လာလည်တဲ့ သူတွေကို ကျွန်တော်တို့ဘက်က အနူးအညွတ်တောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးမဖြစ် စေရပါဘူး’’ ဟု ဦးထွန်းဝင်းအောင်က ပြောသည်။
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ တွင် တာဝန်ကျဝန်ထမ်းက မျောက်ခြံ၌ သန့်ရှင်းရေးလုပ် နေစဉ် မျောက်တံငါသုံးကောင် ကိုနေရာပြောင်းပေးခဲ့သည်။ နေ ရာပြောင်းပေးရာတွင် အသုံးပြု သည့် ကြားတံခါးကို သံကြိုးနှင့် ယာယီတုပ်နှောင်ခဲ့ရာလာရောက် လည်ပတ်သူတစ်ဦးက ခြေဆော့ လက်ဆော့လုပ်၍ ကြားတံခါး ပွင့် ကာ မျောက်များ လွတ်မြောက်ခဲ့ သည်။ မျောက်တံငါသုံးကောင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော် လည်း မျောက်များရန်မူသည့် အ များပြည်သူများထဲတွင် အမျိုးသ မီးတစ်ဦးနှင့် နိုင်ငံခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦး ကို တောင်းပန်ပြီး မြန်မာအမျိုး သမီးကို တိရစ္ဆာန်ကာကွယ်ဆေး ထိုးရန်နှင့် ဒဏ်ရာချုပ်ရန် ဆေး ကုသပေးခဲ့သည်ဟုဆိုသည်။
‘‘လမ်းမှာ တစ်ခါပြတယ်။ နောက်ပြီး ရန်ကုန်ဆေးရုံကြီးမှာ လည်း တစ်ခါပြခဲ့တယ်။ ညနေ ကျတော့ ရပ်ကွက်လူကြီးခြောက် ယောက်အသိသက်သေနဲ့တောင်း ပန်ခဲ့ပါတယ်’’ ဟု ဦးထွန်းဝင်း အောင်က ပြောသည်။
ရန်ပြုခံရ၍ ဒဏ်ရာခြောက် ချက်ချုပ်ခဲ့ရသူ အမျိုးသမီးသည် ကလေးများနှင့် ကိုယ်ဝန်ဆောင် ချွေးမကို မျောက်များရန်မှ ကာ ကွယ်ခဲ့သဖြင့် အကိုက်ခံရခြင်း ဖြစ်သည်ဟု ၎င်း၏သားကိုဖိုးချို က လူမှုကွန်ရက်တွင် ရေးသား ထားသည်။
ကာယကံရှင်၏ မိသားစုဝင် များက မျောက်အကိုက်ခံရမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ မျောက်မဟုတ်ဘဲ အခြားသား ကောင်ဖြစ်နေမည်ဆိုပါက တာ ၀န်မဲ့စွာ ဖွင့်ထားခဲ့လျှင် မတွေးဝံ့ စရာကောင်းကြောင်း ပြောကြားခဲ့ သည်။
‘‘အရင်က သံနဲ့ယာယီခတ် ထားတဲ့ အရာတွေကို နောင်ဒီလို မဖြစ်အောင် သော့ခတ်သွားဖို့ လုပ်သွားမယ်’’ ဟု ဦးထွန်းဝင်း အောင်က ပြောသည်။
ဒုတိယအကိုက်ခံသူ အမျိုးသမီးသည် သြစတြေးလျနိုင်ငံသူဖြစ်၍ နံနက် ၁၀ နာရီခွဲတွင်ကန်တော်ကြီးအနီး၌ ကိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘သူကမျောက်ကိုအယဉ် မှတ်ပြီး သွားကိုင်ဖို့ကြိုးစားတုန်း အကိုက်ခံရတာပါ။ ကျွန်တော်တို့ ဘက်ကဆေးခန်းပို့ဖို့လုပ်တာရ တယ်။ ညနေလေယာဉ်နဲ့သူပြန်ရ မှာလို့ပြောပါတယ်။ အဲဒါနဲ့သူ့ကိုမလုပ်ပေးဖြစ်လိုက်ပါဘူး’’ ဟု အုပ်ချုပ်ရေးမှူးကပြောသည်
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment