Latest News

Thursday, May 4, 2017

ဂျာမနီဝန်ကြီးချုပ်မာကယ်နှင့် ရုရှားသမ္မတ ပူတင်တို့ ဆိုချီမြို့တွင် တွေ့ဆုံဆွေးနွေး

ဂျာမနီဝန်ကြီးချုပ်မာကယ်နှင့် ရုရှားသမ္မတ ပူတင်တို့ ဆိုချီမြို့တွင် တွေ့ဆုံဆွေးနွေး

ဆိုချီ

၂ဝ၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဆိုချီမြို့၌ မေ ၂ ရက်တွင် တွေ့ဆုံမည်ဟုသိရသည်။ ယင်းက ဂျာမနီနှင့် ရုရှားနိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်အသက်ဝင်လာမည့် အရိပ်အယောင်မျိုးလည်း ဖြစ်သည်။

စစ်အေးကာလလွန် အချိန်အတွင်း အီးယူအဖွဲ့နှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးများ အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီးနောက် ရုရှားနှင့် ဂျာမနီခေါင်းဆောင်တို့အကြား ဆက်ဆံ ရေးများ အေးခဲသွားခဲ့သည်။ မာကယ်က ခရိုင်းမီးယားအရေးနှင့် ယူကရိန်းခွဲထွက်ရေးသူပုန်များအပေါ် ရုရှားက ထောက်ပံ့နေခြင်းတို့အတွက် ရုရှားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကို ထောက်ခံခဲ့သူဖြစ်သည်။ ထိုကိစ္စကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ အေးခဲသွားခဲ့ခြင်းဖြစ်သည်။ ဂျာမနီ ဝန်ကြီးချုပ်၏ ရုရှားခရီးစဉ်သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားသမ္မတပူတင်တို့ မတ်လတွင် တွေ့ဆုံပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကာ ထိုတွေ့ဆုံပွဲအတွင်း ပူတင်က နှစ်နိုင်ငံအကြား ဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်ရန်လည်း တောင်းဆိုခဲ့သည်။

မာကယ်နှင့်ပူတင်တို့၏ အင်္ဂါနေ့ ဆွေးနွေးပွဲ၌ ဇူလိုင်လတွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်မည့် ဂျီ-၂ဝ အစည်းအဝေးတို့အပြင် ဆီးရီးယား၊ ယူကရိန်းစသော အကြောင်းအရာများ ပါဝင်မည်ဟုလည်းယူဆရသည်။ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားတို့က ကျူးကျော်သိမ်း ပိုက်လိုက်ခြင်းကြောင့် ရုရှားနှင့်အီးယူအဖွဲ့တို့အကြား ဆက်ဆံရေးများ တင်းမားခဲ့ခြင်း ဖြစ်ကာ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ မာကယ်သည် အဓိကကျသော ကြားဝင်စေ့စပ်သူ တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

Ref: CNA

Theyangontimes

No comments:

Post a Comment