မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ မေလ ၂၅ ရက်နောက်ပိုင်း မုတ်သုံလေဝင်ရောက်နိုင်
အနောက်တောင်မုတ် သုံလေသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့မေ လ ၂၅ ရက်နောက်ပိုင်းဝင်ရောက် နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။
မေလ ၁၃ ရက်တွင် စတင် ဖြစ်ပေါ်သော လေဖိအားနည်းရပ် ဝန်းသည် မေလ ၁၈ရက်၌ မွန် နှင့် တနင်္သာရီကမ်းရိုးတန်းသို့ဝင် ရောက် အားပျော့ပျက်ပြယ်ခဲ့ သည်။ သို့သော် ဘင်္ဂလားပင် လယ်အော်နှင့် ကပ္ပလီပင်လယ် တွင် မေလ ၂၄ ရက်မတိုင်မီမုန် တိုင်းတစ်လုံးထပ်မံဖြစ်ပေါ်နိုင် ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
လေဖိအားနည်းရပ်ဝန်းအ ရှိန်ကြောင့် အားကောင်းခဲ့သော အနောက်တောင် မုတ်သုံလေ သည် မြန်မာနိုင်ငံတောင်ပိုင်းဒေ သများကို ဖြတ်ကျော်နေပြီး လက် ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် မိုးကောင်းနေသည်။ မေလ ၂၅ ရက်မှ ၃၁ရက်အတွင်း မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုး တန်းဒေသများသို့ အနောက် တောင်မုတ်သုံလေ ဝင်ရောက် မည်ဖြစ်ကြောင်း ဒေါက်တာထွန်း လွင်က ခန့်မှန်းသည်။ လတ်တလောရာသီဥတု အခြေအနေအရ မုတ်သုံလေဝင်ရာ ဒေသများတွင်နေရာကွက်၍ မိုးကြီးမှုနှင့် လေပြင်းအန္တရာယ်ရှိနေကြောင်း ၎င်းက သတိပေးသည်။
မိုးဇလဌာနက မေလ ၂၀ ရက်နောက်ပိုင်းဘင်္ဂလားပင် လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment