လေဆိပ်မှ ပြန်လာသည့် မိသားစုတစ်စု လမ်းခုလတ်တွင် လုယက်ခံရ
ပြည်ပသို့သွားရောက် မည့် သားကို လေဆိပ်သို့ လိုက်ပို့၍ပြန်လာသည့် မိသားစုတစ်စုကို ပြည်လမ်း ဘီအိုစီမှတ်တိုင်အနီးတွင် လူလေးဦးက ကားတစ်စီးဖြင့်ရောက်လာပြီး လက်နက်များကိုင်ဆောင်ကာ လုယက်ခဲ့သည်။
မေလ ၂ ရက် ည ၁၁ နာရီခွဲတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်မည့် သားကိုလေဆိပ်သို့ လိုက်ပို့၍ ပြန်လာသည့် မိသားစုတစ် စုသည် ပြည်လမ်း ဘီအိုစီမှတ်တိုင်အနီးသို့ အရောက်၌ အပေါ့စွန့်ရန် ကားခေတ္တရပ်ထားစဉ် ကားနောက်ဖုံးဖွင့်ထားသည့် အဖြူရောင်ဗင်ကားတစ်စီးက အရှေ့မှ ပိတ်ရပ်ကာ လူလေးဦးဆင်းလာ ပြီး သုံးဦး၏လက်ထဲတွင် ဓားတို၊ ဓားရှည်များ ကိုင်ဆောင်ကာ လုယက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆို သည်။
ထို့နောက် မိသားစုဝင်များ ထဲမှ မတင်တင်မော်၏ လည်ပင်း ကို အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်ကာ ပစ္စည်းများ အကုန်ထုတ်ပေးရန် ခြိမ်းခြောက်၍ မတင်တင်မော်ထံမှ ငွေကျပ် လေးသိန်းခွဲပါသည့် ဆလင်းဘတ်အိတ်အ ပါအ၀င် စိန်နားကပ် တစ်ရန်၊ ဖန်စီ ဆွဲကြိုး တစ်ကုံး၊ ကျောက်လက် စွပ် တစ်ကွင်းနှင့် ရှောင်းမီဟန်း ဆက်တို့ကို စတင်တောင်းယူခဲ့ ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့နောက် မမို့ခင်ဆိုသူထံမှ I-Phone 7 တစ်လုံး၊ ပလက်တီနမ်ဆွဲကြိုး တစ်ကုံးတောင်းယူခဲ့ ပြီး မမေဖြိုးသက်ထံမှ ဖန်စီဆွဲကြိုးနှင့် ရွှေလက်စွပ်တစ်ကွင်း၊ ဆမ်ဆောင်းအမျိုးအစားဖုန်း တစ်လုံး၊ ခရမ်းရောင် ဆလင်းဘတ်တစ်လုံးနှင့် ကျပ်ငါးသောင်းတို့ ကို ထပ်မံခြိမ်းခြောက်တောင်းယူ ခဲ့ကြောင်း ၎င်းကဆိုသည်။
ပြည်လမ်းမကြီးပေါ်တွင် ညဥ့်သန်းခေါင်ယံအချိန် ဓားပြခြိမ်းခြောက်တောင်းယူခဲ့သည့် လက်ဝတ်ရတနာများအပါအ၀င် ဖုန်းနှင့် ငွေကျပ်စုစုပေါင်း ၄၁ သိန်းကျော် လုယက်ခံရသည်။
ထိုသို့ ဓားပြခြိမ်းခြောက်လုယက်မှုနှင့်ပတ်သက်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ရဲအသိုင်းအ၀ိုင်းထံမှ သိရသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment