Latest News

Tuesday, May 9, 2017

ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရ

ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ နှောက်ယှက်ခံရသူ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်က ပြောပါတယ်။

အဆိုပါပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟာ မေလ(၇)ရက်က ပြည်မြို့မှာပြုလုပ်တဲ့ (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ထောက်ခံပွဲကိုတက်ရောက်ဖို့ ပန်းတောင်းမြို့ကနေ ပြည်မြို့ကို ဆိုင်ကယ်နဲ့ တစ်ဦးတည်းထွက်လာရာမှာ ပြည်မြို့ န၀ဒေးတံတားနဲ့ ဆင်တဲကျေးရွာအကြား တောင်ပတ်လမ်းနေရာအရောက်မှာ နှောက်ယှက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။


 ခထ္ထိယကျေးရွာနဲ့ အဆိုပါတောင်ပတ်လမ်းမှာ ၂ မိုင်ခန့်ကွာဝေးပြီး နောက်ယောင်လိုက်ပြီး နှောက်ယှက်ခဲ့သူကို ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့က န၀ဒေးတံတား CCTV မှတ်တမ်းတွေမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့လို့ နှောက်ယှက်သူဟာ ပန်းတောင်းမြို့နယ်၊ ကျေးရွာတစ်ရွာက အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။
အဆိုပါလူငယ်ရဲ့ ပန်းတောင်းမြို့မ ရဲစခန်းမှာ ထွက်ဆိုချက်အရ ရည်ရွယ်ချက်ရှိရှိပြုလုပ်တာ မဟုတ်ဘဲ  လမ်းမလွတ်လို့ တွန်းထိုးလိုက်တာလို့ပြောဆိုထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုရာမှာတော့  လမ်းတစ်လမ်းလုံးမှာ သူတို့ဆိုင်ကယ်နှစ်စီးသာရှိတယ်လို့ ပြောဆိုပါတယ်။

နှောက်ယှက်ခံရသူ ပန်းတောင်းမြို့နယ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အဆိုပါကိစ္စကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ဆိုပါတယ်။

Duwun

No comments:

Post a Comment