Latest News

Thursday, May 4, 2017

အီးယူ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲနှင်၊့ လိုရာဆွဲ တစ်ဖက်သပ် အဓိပ္ပာယ်ဖော်နေသော ၁၈-ရာစု၊ ရှာရှာဖွေဖွေ လေထဲက မြန်မာ့သမိုင်းသစ်

အီးယူ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲနှင်၊့ လိုရာဆွဲ တစ်ဖက်သပ် အဓိပ္ပာယ်ဖော်နေသော ၁၈-ရာစု၊ ရှာရှာဖွေဖွေ လေထဲက မြန်မာ့သမိုင်းသစ်


((( ယခုအကြောင်းအရာမှာ စာတစ်စောင် ပေတစ်ဖွဲ့ရေးရလောက်အောင် ရှုတ်ထွေးခြင်းမရှိပါ၍ ရေးရန်စိတ်ကူးမရှိခဲ့ပါ။ သို့သော် တိုတောင်းသော အချိန်တွင်း မက်ဆင်ဂျာမှမေးမြန်းလာသူ များသည်ထက် များလာသည့်အခါ ကျွန်တော် ပြန်လည်ဖြေဆိုခဲ့သည်များအား မူရင်းသတင်းနှင့်ပူးတွဲလျှက် တင်ပြရန်ဖြစ်လာရပါသည် )))

( မေ-၀၄၊ ၂၀၁၇ )  ကျွန်တော့်အား ပြောပြကြသည့် မိတ်ဆွေများ၏ ဗွီဒီယိုဖိုင်မှာ ၀၂-မေ၊ ၂၀၁၇ အီးယူ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက်အား ဖြတ်တောက်ထားပြီး ၆- စက္ကန့်သာရှိ၍ “ ၁၈-ရာစု “ ဟု အသုံးအနှုန်းကို တွေ့ရပါသည်။

ထိုသို့ ၁၈-ရာစုဟု ပြောသည်မှ ၁၈-ရာစုနှစ်တွင် ရိုဟင်ဂျာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ၀န်ခံသည်ဟု ပြောဆိုကြခြင်းမှာ စဉ်းစားမရနိုင်အောင် အံ့သြစရာပင်ဖြစ်သည်။

၁) ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မူရင်း ပြောကြားချက်ကို အင်္ဂလိပ်ဘာသာ စာတန်းထိုးဖတ်ရှု့နိုင်သော ဗွီဒီယိုဖိုင်အဖြစ် ပထမဆုံး ကွန်မင့်တွင် ဖော်ပြပါမည်။

၂) လိုရာဆွဲခြင်းခံရသော မူရင်းပြောကြားချက်မှာ  …

“ … Where two communities have been distrustful of each other for decades and decades actually the problems in the Rakhine go back to the18th century. we are not going to be able to resolve them overnight .. “  ကို ရည်ညွှန်းကြပုံရပါသည်။ ၄င်းကို အနီးစပ်ဆုံး မြန်မာဘာသာပြန်လျှင်

“ ရခိုင်မှာ လူမှုအသိုင်းအဝန်းနှစ်ခု တစ်ဖက်နဲ့တစ်ဖက် မယုံမကြည် ဖြစ်လာကြာတာက ဆယ်စုချီရှိခဲ့ပါပြီ။ ဆယ်စုနှစ်များဆိုတာက.. တကယ်တော့ ရခိုင်ရဲ့ ပြဿနာတွေက ၁၈ ရာစုတည်းက ရှိခဲ့တယ်။ ဒါတွေကို ကျွန်မတို့ နေ့ချင်းညချင်း အပြီးအပြတ် ဖြေရှင်းလို့မရနိုင်ဘူး။ … “  ဟု ဖြစ်ပါမည်။



၃) ဤတွင် go back ဆိုသည်မှာ -- “ to have existed since a particular time or for a period of time”
“ကတည်းက စခဲ့သည်” ဟုလည်း တိုက်ရိုက်အဓိပ္ပါယ်ထွက်သော ယဉ်ကျေးသည့် အသုံးအနှုန်းဖြစ်သည်။

၎) သို့သော် ၄င်းစကားနောက် ဆက်လက်ပြောဆိုရာတွင် ရိုဟင်ဂျာ ဟူသော စကားလုံးတစ်လုံးမှ မပါဝင်သကဲ့သို့၊ ရိုဟင်ဂျာ ရှိသည်ကို ဖော်ညွှန်းသည့် ပြောဆိုချက် တစ်စုံတစ်ရာ မပါရှိကြောင်းတွေ့ရပါသည်။

၅) ဖော်ပြထားသော သတင်းစာရှင်းပွဲ ရုပ်သံတွင် မေးခွန်းမေးမြန်းသူ သတင်းထောက် မ-၁၊ ကျား-၁ ပါရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်အစအဆုံးတွင် “ ရိုဟင်ဂျာ” ဟု  သုံးနှုန်းခြင်းလည်း မတွေ့ရပါ။ မြန်မာ အစိုးရအား ပူးပေါင်းကူညီသူ ဌာနေများ မကြာခဏ အသတ်ခံရကြောင်းပြောကြားပါသည်။

၆) သတင်းစာရှင်းပွဲတက်ရောက်သည့် မီဒီယာများ သတင်းအဖြစ်ပြန်လည်ရေးသားဖော်ပြကြသည်ကို လက်လှမ်းမီသမျှ လေ့လာကြည့်ရာ ဒေါ်အောင်ဆန်းစုကြည် ထိုသို့ ၀န်ခံသည်ဟု ရေးသားကြခြင်းကိုလည်း မတွေ့ရပါ။

၇) ရှိခဲ့လျှင်လည်း နိုင်ငံတကာ မီဒီယာကြီးများ မဖော်ပြဘဲ နေမည်မဟုတ်လောက်ပါ။

ကျွန်တော်များ၏ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပေဒတွင် နိုင်ငံသားအဓိပ္ပာယ်ကို "အင်္ဂလိပ်တို့အား မြန်မာစစ်ရှုံးသည့် ၁၈၂၃-ခုနှစ်မတိုင်မီ" မှ စတင်လေရာ နိုင်ငံသားဖြစ်/မဖြစ် ကျူးကျော်ခိုးဝင် မယုံသင်္ကာရသည်မှာ ထိုထက်စောသော အခြေအနေ ၁၇၀၁-ခုနှစ်မှ ၁၈၀၀-ခုနှစ် (၁၈-ရာစုနှစ် ) တွင်းရောက်ရှိသွားပါမည်။

အတိုချုပ်ရလျှင် မိနစ်ချီ စကားအဖြစ်ပြေကြားချက် အစအဆုံးမှ “၁၈-ရာစု”ဟု စကားတစ်လုံးတည်းကိုသာ ၆-စက္ကန့် ဗွီဒီယိုဖြင့်ထောက်ပြကာ   ယိုလိမ်ညာရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဝန်ခံကြောင်းပြောဆိုခြင်းမှာ မှန်/မမှန် ဖြစ်နိုင်/မဖြစ်နိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ရန်သာ ရှိပါလိမ့်မည်။

ကျွန်တော့်အမြင်မှာကား ၀န်ခံသည်ဟုပြောကြားခြင်းအားလုံးမှာ  ကပ်ဖဲ့လုပ် လိုရာဆွဲ အထအန ကောက်ခြင်းသာ ဖြစ်ကြောင်း ထင်မြင်ပါသည်။

ထိုထက်ပို၍ နားလည်မိသည်ကား မသမာသူများက ထိုအချက်ကို ပြူးတူးပြဲတဲဖြစ်အောင် လုပ်ကြံ အွန်လိုင်း လွှင့်တင်လျှက် ရှာရှာဖွေဖွေသမိုင်းအဖြစ် ထည့်သွင်းရန် လူရယ်စရာကြိုးစားခြင်းသာ ဖြစ်ကြောင်းပါခင်ဗျား …

((( အကောင်းဆုံး အကြံပေးလိုသည်မှာ ထိုရုပ်သံ/လုပ်ကြံပို့စ်များကို တကူးတကရှယ်၍ အရောင်တင် ပေးနေမနေဘဲ၊ ရှယ်သူကို အန်ခြင်း ဘလော့ခြင်းဖြင်းဖြင့် ယဉ်ကျေးစွာ တုန့်ပြန်ကာ လေထဲကသမိုင်းကို သတိရှိရှိပယ်ချသင့်ပါကြောင်း )))

Htay Oung

No comments:

Post a Comment