Latest News

Monday, May 15, 2017

အဖွဲ့အစည်းများအတွင်း သဘောထားကွဲလွဲမှုကို ကျော်လွှားရ မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတပြောကြား

အဖွဲ့အစည်းများအတွင်း သဘောထားကွဲလွဲမှုကို ကျော်လွှားရ
မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတပြောကြား

ပါရီ မေ ၁၄

ပြင်သစ်သမ္မတအဖြစ်မကြာသေးမီက ရွေးကောက်တင်မြှောက်ခြင်းခံရသော အမ်န်မန်နျူရယ် မက်ခရွန်က ပြင်သစ်သမ္မတ မဲဆွယ်စည်းရုံးရေးကာလတွင် တွေ့မြင်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအချင်းချင်း ညီညွတ်ခြင်းမရှိသည့်ပြဿနာကို ရင်ဆိုင် ကျော်လွှားရမည်ဖြစ်ကြောင်းနှင့် အင်အားတောင့်တင်းသော ပြင်သစ်နိုင်ငံတစ်ခုထူထောင်နိုင်ရေးအတွက် ကြိုးစားရမည် ဖြစ်ကြောင်း ၄င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ယနေ့တွင်ဖော်ပြထားသည်။

မေ ၇ ရက်က ရွေးကောက်တင်မြှောက်ခြင်း ခံရသော ပြင်သစ်နိုင်ငံ၏ အသက် အငယ်ဆုံး သမ္မတဖြစ်လာသည့် အသက် ၃၉ နှစ်သာရှိသေးသော မက်ခရွန်က အဖွဲ့အစည်းများ အတွင်း ဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများကို ရင်ဆိုင် ကျော်လွှားရမည်ဖြစ်ကြောင်း ပြောခဲ့ သည်။ ကမ္ဘာကြီးနှင့် ဥရောပသည် အင်အားတောင့်တင်းခိုင်မာသော ပြင် သစ်နိုင်ငံတော်ကြီးကို အလိုရှိကြောင်း လွတ်လပ်မှုနှင့် စည်းလုံးညီညွတ်မှုကို လိုလားသောမက်ခရွန်က ပြောကြားခဲ့ သည်။
ထို့အပြင် ၄င်း၏လက်ထက်တွင် အလုပ်သမားဈေးကွက်သည် ပိုမိုအဆင် ပြေလာမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများ အတွက် စီးပွားရေးပူးပေါင်းလုပ်ဆောင် နိုင်သည့် အခြေအနေများကို ဖန်တီးပေး မည်ဖြစ်ကြောင်းနှင့် လမ်းသစ်ထွင်စူးစမ်း လုပ်ဆောင်ခြင်းသည် ၄င်း၏ နှလုံးသား ထဲတွင် ကိန်းဝပ်နေသည့် ဆန္ဒပင်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ပြန်/ဆက်

No comments:

Post a Comment