ချန်ပီယံလိဂ်ရှုံးထွက်အဆင့်များတွင် ဂိုး(၅၀)သွင်းယူခဲ့သည့် ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်
ရီးယဲလ်အသင်းတောင်ပံကစားသမား စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်(ကွာတား၊ ဆီမီးဖိုင်နယ်ပွဲများအပါအ၀င်)များတွင် ဂိုး(၅၀)ပြည့်သွင်းယူခဲ့သည့် ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
စီရော်နယ်လ်ဒိုသည် အက်သလက်တီကိုနှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲ တွင် အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ယင်းကဲ့သို့ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင်သွင်းယူခဲ့သော ဂိုးအရေအတွက်မှာ (၁၁)ဂိုး(ရီးယဲလ်-၈ဂိုး၊ မန်ယူ-၃)ဂိုးရှိလာပြီဖြစ်ကြောင်းသိရသည်။
စီရော်နယ်လ်ဒိုအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (ခြေစစ်ပွဲများမပါ)သွင်းယူခဲ့သောဂိုးမှာ (၁၀၁)ဂိုးအထိရှိလာပြီး အက်သလက်တီကိုအသင်း၏ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းယူခဲ့သောဂိုးအရေအတွက်ထက် တစ်ဂိုးပိုများနေကြောင်းသိရသည်။
Eleven Sports
Tuesday, May 2, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment