Latest News

Thursday, May 4, 2017

မြစ်ကြီးနားခရိုင် လဝကဦးစီးမှူးအိမ်ကို မျက်နှာဖုံးစွပ်တစ်ဦး ဝင်ရောက်လုယက်ပြီး အိမ် မီးရှို့

မြစ်ကြီးနားခရိုင် လဝကဦးစီးမှူးအိမ်ကို မျက်နှာဖုံးစွပ်တစ်ဦး ဝင်ရောက်လုယက်ပြီး အိမ် မီးရှို့

 မြစ်ကြီးနားခရိုင် လဝက ဦးစီးမှူးအိမ်ရှိ လက်ဝတ်ရတနာ များနှင့် ငွေသား ကျပ်သိန်းတစ်ရာကျော်ကို မျက်နှာဖုံးစွပ်လူတစ်ဦးက ဝင်ရောက်လုယူပြီး အိမ်ကို ဓာတ်ဆီလောင်း၍   မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြစ်ကြီးနားမြို့ မြေမြင့်ကွက် သစ်ရပ်ကွက်-နယ်မြေ(၁၂)ရှိ ခရိုင်လဝကဦးစီးမှူး၏ နေအိမ်သို့ မျက်နှာကို အဝတ်ဖြင့်အုပ်ထားသော အမျိုးသားတစ်ဦးက မေလ ၄ ရက်နံနက်၂ နာရီခန့်တွင် ဝင်ရောက်လုယက်၍ မီးရှို့ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် အိမ် ပိုင်ရှင် ရှိမနေဘဲ နေအိမ်၌ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးနှစ်ဦးရှိကာ အဆိုပါအမျိုးသမီးနှစ်ဦးကို ကြိုးဖြင့်တုပ်၍ နေအိမ်အပေါ်ထပ်ရှိ မီးခံသေတ္တာအတွင်းမှ နဝရတ်ကိုးပါးလက်စွပ်၊  ကျောက်စိမ်းလက်ကောက်နှင့် ရွှေထည်များအပါအဝင် စုစုပေါင်း ငွေသားကျပ် ၂၀၉ သိန်း တန်ဖိုးရှိ လက်ဝတ် ရတနာများနှင့် ကျပ်သိန်းတစ်ရာကျော်ကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘မိန်းကလေးနှစ်ယောက်က အိမ်အောက်ထပ်မှာ ရှိနေချိန် အိမ်ထဲဝင်လာပြီး ဓားနဲ့ထိုးတယ်လို့ သိရတယ်။ နောက်ပြီး ကြိုးနဲ့တုပ် ထားခဲ့ပြီး အိမ်အပေါ်ထပ်က မီးခံ သေတ္တာထဲက အထည်တွေနဲ့ ငွေ တွေကို ယူတယ်။ ပြန်ဆင်းလာပြီး အိမ်ထဲမှာ ရှိနေတဲ့ ဆိုင်ကယ်ထဲ က ဆီကို ထုတ်ပြီး အိမ်ကို မီးရှို့ တာလို့သိရတယ်။ မီးကတော့ ကြီး ကြီးမားမားမလောင်ဘူး။ အဲဒီအ မျိုးသားကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်’’ဟု ကချင်ပြည် နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူအမျိုးသား က အိမ်ထဲတွင် ရှိနေသော အမျိုး သမီးနှစ်ဦးအနက် တစ်ဦး၏ ဝမ်းဗိုက်နှင့် လက်ပြင်နေရာတို့ကို ဓားဖြင့်ထိုးခဲ့၍ အဆိုပါအမျိုးသမီးအား  မြစ်ကြီးနားဆေးရုံတွင် ကုသပေးနေပြီး ကျန်အမျိုးသမီးတစ်ဦး သည်လည်း လက်၌  မီးလောင်ဒဏ် ရာရခဲ့သည်။

အဆိုပါအမှုကို ခြိမ်းခြောက် လုယူမှု၊ မီးဖြင့်အကျိုးဖျက်ဆီးမှု တို့ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်း တွင် အမှုဖွင့်စစ်ဆေးနေသည်။

7Day News Journal

No comments:

Post a Comment