Latest News

Saturday, May 6, 2017

ပညာရေး၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘောရစ်ဂျွန်ဆင်ဆွေးနွေး

ပညာရေး၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘောရစ်ဂျွန်ဆင်ဆွေးနွေး

မေလ ၅ ရက်က လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာ-ဗြိတိန် ကျန်းမာရေးနဲ့ ပညာရေး ပူးပေါင်းမှုမြှင့်တင်ဖို့၊ မြန်မာရဲတပ်ဖွဲ့စွမ်းရည် မြှင့်တင်ဖို့၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဗြိတိန်က ဆက်လက်ကူညီဖို့ စတာတွေကို  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့ မေလ ၅ ရက်မှုာ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတွေ့ဆုံမှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘောရစ်ဂျွန်ဆင်တို့အတွက် လေးလအတွင်း ဒုတိယမြောက် တွေ့ဆုံမှုဖြစ်ကာ ၂၀၁၆ ဇန်နဝါရီကလည်း နေပြည်တော်ကို မစ္စတာဂျွန်ဆင် လာရောက်စဉ်က ဆွေးနွေးခဲ့တဲ့ ကိစ္စတေါ ကို ထပ်လောင်းပြီး အမြင်ချင်းဖလှယ်ခြင်းဖလှယ်ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂျွန်ဆင်နဲ့ မတွေ့ဆုံခင် လန်ဒန်စိန့်မေရီဆေးရုံကို သွားရောက်ပြီး ဆေးရုံမှာ သင်ကြားရေးအထောက် အကူပြု ခေတ်မီပစ္စည်းကိရိယာတွေနဲ့ ဆေးကုသသရုပ်ပြနေတာတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်မြို့ကစိန့်မေရီဆေးရုံက မြန်မာဆေးပညာသင်ကြားမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကူညီဆောင်ရွက်နေတဲ့ ဆေးရုံဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုစတင်ပြီးနောက် ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Imperial College London  ပါမောက္ခ လော့ဒ်အာရာဒါဇီတို့ ပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က စိန့်မေရီဆေးရုံအပါအဝင် ဗြိတိန်ရှိ ဆေးရုံတွေနဲ့ ဆေးပညာဆိုင်ရာဌာနတွေကို လေ့လာရေးခရီးစဉ် သွားရောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
Source : 7DayDaily:Duwun
Photos : State Counsellor Office

No comments:

Post a Comment