ပဲလေ့စ်နှင့်ပွဲတွင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအသင်းကို မော်ရင်ဟို ပွဲထုတ်ခဲ့
မန်ယူအသင်းနည်းပြမော်ရင်ဟိုသည် ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရခဲ့ သည့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲတွင် ပရီးမီးယားလိဂ်သမိုင်း
တစ်ေလျှာက် အသက်အငယ်ဆုံးပွဲထွက်ကစားသမားစာရင်းဖြင့် ပွဲထုတ်ခဲ့ကြောင်းသိရသည်။
မန်ယူအသင်းသည် အေဂျက်စ်နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရန်ရှိနေရာမော်ရင်ဟိုက အဓိက ကစားသမားအချို့ကို အနားပေးခဲ့ပြီး လူငယ်ကစားသမား အများစုကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သည်။ မန်ယူအ သင်း၏ ပွဲထွက်ကစားသမား(၁၁)ယောက်တွင် တွမ်မီနေး၊ ထွမ်ဘီ၊ ဟားရော့ပ်၊ မစ်ရှယ်၊ ကတ်စထရို၊ ဖိုဆူမန်ဆာစသည့် လူငယ်ကစားသမားများပါဝင်ခဲ့ပြီး ပွဲထွက်လူစာရင်း၏ ပျမ်းမျှအသက်မှာ (၂၂)နှစ်၊ (၂၈၄)ရက်သာရှိခဲ့ကာ အသက်အကြီးဆုံးကစားသမားမှာ ရွန်နီ(၃၁နှစ်)ဖြစ်ခဲ့သည်။
အဆိုပါပွဲတွင် ပွဲချိန်(၈၈)မိနစ်၌ ရွန်နီအစား ၀င်ကစားခဲ့သည့် လူငယ်ကွင်းလယ်လူ အိန်ဂျယ်ဂိုးမက်ဇ်မှာ(၁၆နှစ်)မှာလည်း ဒွန်ကန်အက်ဝက်ဒ်နောက်ပိုင်း လိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းအတွက် ပါဝင်ကစားခဲ့သည့် အသက် အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။ မြူးနစ်လေယာဉ်ပျက်မှုတွင်ပါ ၀င်ပြီး ၁၉၅၈ခုနှစ်တွင် ကွယ်လွန်သွား ခဲ့သည့် ကွင်းလယ်လူ ဒွန်ကန်အက် ၀က်ဒ်သည် ၁၉၅၃၊ ဧပြီလက ကာ ဒစ်ဖ်(၄-၁)မန်ယူ အင်္ဂလန်ပထမတန်း ပွဲစဉ်တွင်ပါဝင်ကစားခဲ့ရာ အသက် (၁၆)နှစ်၊ (၁၈၅)ရက်သာရှိသေးပြီး အသင်းသမိုင်းတစ်လျှောက် အသက် အငယ်ဆုံးလိဂ်ပွဲကစားသူအဖြစ် မှတ် တမ်းဝင်ခဲ့သည်။
REF:Goal& Daily Mail
Eleven Sports
Subscribe to:
Post Comments (Atom)
No comments:
Post a Comment