ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံသားများ ပါဝင်သည့် အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြ၀တီ-မဲဆောက် ၀င်/ထွက်ဂိတ်မှ ၀င်ရောက်
မြ၀တီ မေ ၂
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားသော နယ်စပ် ဖြတ်သန်းသွားလာရေး ဆိုင်ရာ သဘောတူစာချုပ် အရ ဖွင့်လှစ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား လူဝင်/လူထွက်နှင့်ပတ်သက်ပြီး လုပ်ငန်းတိုးမြှင့် ဆောင်ရွက်သည့် အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ၀င်ရောက် လည်ပတ်ခွင့်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ၀င်ရောက်လည်ပတ်ခွင့်ပြုခဲ့ရာ ယနေ့ မေလ၂ရက်နေ့၊ နံနက် ၉ နာရီ က All Asia Exclusive Travels & ToursCo,Ltd ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသားဧည့်သည် Mr.Samarnnopphon Ratanathamthitaya အပါအ၀င် ထိုင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံသားများ ပါဝင်သည့် အဖွဲ့ဝင် ၃၈ဦး တို့သည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော် ဆိုင်ကယ်၂၈စီးဖြင့် မြ၀တီ-မဲဆောက် ၀င်/ထွက်ဂိတ်မှ ၀င်ရောက်ပြီး မြ၀တီမှ ပဲခူး၊ နေပြည်တော်၊ ဘားအံမြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့နှင့်အတူ All Asia Exclusive Travels & Tours Co,Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးဝေရာဇာနှင့် ကုမ္မဏီမှ ဧည့်လမ်းညွှန် ဦးစိုင်းသီဟစိုးတို့လိုက်ပါကာ မြ၀တီခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ချောကြည်ကြည်မှ လိုက်ပါသွားမည်ဖြစ်ပြီး မေလ ၅ ရက်နေ့တွင် မြ၀တီမြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
Tuesday, May 2, 2017
ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံသားများ ပါဝင်သည့် အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြ၀တီ-မဲဆောက် ၀င်/ထွက်ဂိတ်မှ ၀င်ရောက်
ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံသားများ ပါဝင်သည့် အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြ၀တီ-မဲဆောက် ၀င်/ထွက်ဂိတ်မှ ၀င်ရောက်
Reviewed by Ar Ti
on
3:23 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment