ရဲတပ်ဖွဲ့ကို သင်တန်းပေးရန်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် ဒုဝန်ကြီးဆွေးနွေး
ဗြိတိန်နိုင်ငံမှာ တရားဝင်ခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဒုဝန်ကြီး အယ်လ်လော့ရှာရာမာနဲ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တွေကို စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွေပေးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ရိုရီစတီးဝပ်နဲ့လည်း သီးခြားတွေ့ဆုံပြီး မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်က ပံ့ပိုးကူညီပေးနေတဲ့ကိစ္စတွေ၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဓာတ်ပုံ – Ministry of Foreign Affairs Myanmar
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment