Latest News

Sunday, May 28, 2017

သီရိလင်္ကာနိုင်ငံမှာ မိုးကြီးရေလျံမှု လူ ၅-သိန်း ဒုက္ခတွေ့

သီရိလင်္ကာနိုင်ငံမှာ မိုးကြီးရေလျံမှု လူ ၅-သိန်း ဒုက္ခတွေ့

သီရိလင်္ကာနိုင်ငံမှာ မိုးကြီးရေလျံမှုတွေဖြစ်နေတာကြောင့် သေဆုံးရသူ ၁၅၀ကျော်သွားပြီဖြစ်ပြီး  လူ ၅-သိန်းနီးပါးလောက်ကို ဘေးကင်းရာကို ရွေ့ပြောင်းထားလိုက်ရသလို ကယ်ဆယ်ရေးပစ္စည်းတွေ အလျင်အမြန်ပေးပို့နေရတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူ အဆိုအရ ဆေးပညာရှင်နဲ့ ၀န်ထမ်းတွေကိုလည်း ရေကြီးတဲ့ဒေသ ဆေးရုံတွေကို အားဖြည့်ပို့ပေးနေတယ်လို့ ပြောပါတယ်။

သေဆုံးသူ အများစုဟာ မြေပြိုကျမှုကြောင့်ဖြစ်ပြီး တောင်စောင်းတွေမှာ နေထိုင်သူတွေထိခိုက်မှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မြေပြိုတာတွေကြောင့် အိမ်အလုံးပေါင်း ၂၀၀၀ကျော်ပျက်စီးခဲ့ပြီး ပျောက်ဆုံးနေသူ ၁၁၁ဦးရှိနေပါတယ်။

ဒီဖြစ်စဉ်ကြောင့် သီရိလင်္ကာနိုင်ငံက အပြည်ပြည်ဆိုင်ရာကို အကူအညီတောင်းခံထားရာမှာ အိန္ဒိယနိုင်ငံက အကူအညီပေးရေး သင်္ဘောသွားရောက်ခဲ့ သလို  ရဟတ်ယာဉ်တွေလည်း သွားရောက်ခဲ့ပါတယ်။ အလားတူ အကူအညီပေးရေးဒုတိယ စစ်သင်္ဘောဟာလည်း သီရိလင်္ကာကို ဆိုက်ရောက်သွားပြီလို့သိရပါတယ်။
အလားတူပဲ ပါကစ္စတန် နိုင်ငံကလည်း အကူအညီပေးဖို့ သိရိလင်္ကာအစိုးရနဲ့ စကားပြောနေသလို ဆန်တန်ချိန်တသောင်းလည်း တင်ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။
RFA

No comments:

Post a Comment