Latest News

Thursday, May 11, 2017

အမျိုးသား​ရေးလှုပ်​ရှားသူ​တွေထဲက နှစ်​ဦးကို ဖမ်းမိ

အမျိုးသား​ရေးလှုပ်​ရှားသူ​တွေထဲက နှစ်​ဦးကို ဖမ်းမိ


၁၁၊​မေ၊ရန်​ကုန်

မင်္ဂလာ ​တောင်​ညွှန့်​မြို့ နယ် ရုန်းရင်းဆန်​ခတ်​ဖြစ်​ပွားခဲ့ရတဲ့ဖြစ်​စဉ်​မှာ အဓိကပါဝင်​​နေသူ​တွေထဲက နှစ်​ဦးကို တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့က ဖမ်းဆီးရမိထားတယ်​လို့ သိရပါတယ်​။

အမျိုးသား​ရေးလှုပ်​ရှားသူ​တွေထဲက ဦးကိုကိုလတ်​နဲ့ ဇနီးဖြစ်​သူ ​ဒေါ်​အောင်​မြင်​တို့ကို ည​နေ ငါးနာရီခန့်​က ဖမ်းဆီးရမိခဲ့တာဖြစ်​တယ်​လို့ မင်္ဂလာ ​တောင်​​ညွှန့်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​အမှတ်​ ၁ ကိုယ်​စားလှယ်​ ဦးလှ​ဌေးက​ပြောပါတယ်​။

“​ဖမ်းဝရမ်းထုတ်​ထားတာ ၇​ယောက်​ထဲမှာ နှစ်​​ယောက်​မိပြီ။ဆရာ​တော်​နှစ်​ပါးလည်းပါ ပါတယ်​။ကျန်​တာ​တော့ ကျွန်​​တော်​လည်း စုံးစမ်း​နေတုန်းပါ။´´လို့ ဦးလှ​ဌေးက ​ပြောပါတယ်​။

-ဆရာ​တော်​ ဦးသုစိတ္တ သီတင်းသုံးရာ ဗဟန်းမြို့နယ်​မှာ ရှိတဲ့ ​ရွှေကျင်​တိုက်​ကြီး ​ဦးသာသနာ​ကျောင်းတိုက်​ကနေ့ ညမြင်ကွင်း

အဲ့သည်​သတင်းနဲ့ ပတ်​သတ်​ပြီး မြို့နယ်​ရဲမှူးဦးခင်​​မောင်​ဦး နဲ့ တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့မှ တာဝန်​ရှိသူ​တွေကို ဆက်​သွယ်​​မေးမြန်းရာမှာ​တော့ လက်​ခံ​ဖြေဆိုခြင်းမရှိ​သေးပါဘူး။

တို​င်း​ဒေသကြီးအစိုးရအဖွဲ့က အမျိုးသား​ရေးလှုပ်​ရှားသူ​တွေထဲက ဆရာ​တော်​ ဦးသုစိတ္တနဲ့ ဦးပညာဝံသတို့အပါအဝင်​ ၇ ဦးကို ​မေလ ၉ရက်​​နေ့က မင်္ဂလာ ​တောင်​ညွှန့်​မြို့နယ်​မှာ ရုန်းရင်းဆန်​ခတ်​ဖြစ်​ပွားခဲ့တဲ့ ဖြစ်​စဉ်​မှာ အဓိကပါဝင်​သူ​တွေဖြစ်​တယ်​လို့ ဆိုကာ မင်္ဂလာ ​တောင်​ညွှန့်​မြို့နယ်​ ရဲမှူးဦးခင်​​မောင်​ဦးက တရားလို လုပ်​ပြီး တရားရုံးကို ဦးတိုက်​​လျှောက်​ထားခဲ့ပါတယ်​။

အဲ့သည်​ပုဂ္ဂိုလ်​ ၇ ဦးကို ဆူပူ​အောင်​ ​သွေးထိုးလှုံ့ ​ဆော်​မှု ပုဒ်​မ ၅၀၅-ဂ/၃၄ နဲ့ သည်​က​နေ့မှာ တရားစွဲဆိုလိုက်​တာဖြစ်​ပါတယ်​။

အမျိုးသား​ရေးလှုပ်​ရှားသူ​တွေကို ဖမ်းဝမ်းထုတ်​ရာမှာ ပါဝင်​​နေတယ်​ဆိုတဲ့ ဆရာ​တော်​ ဦးသုစိတ္တ သီတင်းသုံးရာ ဗဟန်းမြို့နယ်​မှာ ရှိတဲ့ ​ရွှေကျင်​တိုက်​ကြီး ​ဦးသာသနာ​ကျောင်းတိုက်​မှာ​တော့ ဆယ်နာရီထိုးဖို့ ၁၅ မိနစ်လောက်မှာ ကျောင်းတံခါးပိတ်ခဲ့ပါတယ်​။

“ဖမ်းဝရမ်းထုတ်ပြီးသွားပြီ။ အဲ့ဒီအတွက် အခက်အခဲရှိပါတယ်။ အမေးအဖြေအတွက် အဆင်သင့်မဖြစ်နိုင်ပါဘူး” ဆရာ​တော်​ ဦးသုစိတ္တ သတင်းသုံးရာ​ကျောင်းတိုက်​မှာ ​ရောက်​ရှိ​နေတဲ့ အမျိုးသား​ရေးလှုပ်​ရှားသူတစ်​ဦးက​ပြောပါတယ်​။

သူကဆက်​ပြီး
“ကိုယ့်ဖာသာသွားဖို့သာရှိပါတယ်။ ပြေးဖို့ဘာညာမရှိပါဘူး။ ကျောင်းအနောက်မှာလည်း ရဲတွေရောက်နေပါတယ်။ ပြေးဖို့ဘာညာမရှိပါဘူး။ သူ့အစီစဉ်နဲ့သူသွားမှာပါ။”လို့ ​ ​ပြောပါတယ်​။

ချမ်းသာ၊ဝင်းနန္ဒာ(Kumudra)

No comments:

Post a Comment