Latest News

Thursday, May 18, 2017

သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဒေါ်လာ ၁၂၄ သန်းချေးရန် လွှတ်တော်သို့ သမ္မတ အတည်ပြုချက်တောင်းခံ

သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဒေါ်လာ ၁၂၄ သန်းချေးရန် လွှတ်တော်သို့ သမ္မတ အတည်ပြုချက်တောင်းခံ

အရှေ့တောင်အာ ရှ သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုဆိုင်ရာ စီမံကိန်းအကောင်အ ထည်ဖော်ရေး ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၁၂၄ သန်းချေးယူရန် နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်သို့ အတည်ပြုချက် တောင်းခံခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ချေးငွေကန် ဒေါ်လာ ၁၂၄ သန်းနှင့် ထောက်ပံ့ငွေကန်ဒေါ်လာတစ်သန်းတို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ နနှင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီတို့က တာဝန်ယူမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေလ ၁၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ တင် ပြသည်။

အဆိုပါချေးငွေများဖြင့် အ ရှေ့တောင်အာရှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာမခံရန်ပုံငွေ ထူထောင်ရာတွင် ပါဝင်ဆောင် ရွက်ခြင်း၊ မြို့ပြရေကြီးရေလျှံမှု အန္တရာယ်များကို စီမံခန့်ခွဲခြင်း၊ အများပြည်သူ ဝန်ဆောင်မှုအ ဆောက်အအုံများ ပိုမိုဘေးကင်း လုံခြုံမှုရှိစေရန် ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် စီမံကိန်း စီမံခန့်ခွဲခြင်း၊ အရေးပေါ်တုံ့ပြန် ခြင်းတို့ ဆောင်ရွက်မည်ဟု ဒုဝန် ကြီး ဦးမောင်မောင်ဝင်းက လွှတ် တော်သို့ ရှင်းပြသည်။

ကမ္ဘာ့ဘဏ်၏ချေးငွေသည် ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန် ဆပ်ကာလ ၃၂ နှစ်၊ စုစုပေါင်း ၃၈ နှစ်ဖြစ်၍ ဝန်ဆောင်ခတစ်နှစ် လျှင် နှစ်ကြိမ်နှုန်းဖြင့် ၀ ဒသမ ၇၅ရာခိုင်နှုန်း ပေးဆပ်ရမည်ဖြစ် သည်။ ၂၀၁၆ခုနှစ်က ကြိုတင်မမျှော်မှန်းနိုင်သော   ဘေးအန္တရာယ်များအတွက်   နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ ကျပ် ၁၁ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မေလ ၁၈ ရက်တွင် ကျင်းပသော  ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းခဲ့သည်။

7Day News Journal

No comments:

Post a Comment