ဂျူဗင်တပ် လာဇီယိုကိုနိုင်ပြီး ကိုပါအီတာလီယာဖလား ဆွတ်ခူး
ရောမ- ဂျူဗင်တပ်သည် ပြည် တွင်းနှင့် ဥရောပဖလား သုံးလုံး ရည်မှန်းချက်အတွက် ပထမ ဆုံးပန်းတိုင်အဖြစ် လာဇီယိုကို ၂-၀ ဂိုးဖြင့် နိုင်ကာ ကိုပါအီတာ လီယာဖလားဆွတ်ခူး ရရှိသွားပြီ ဖြစ်သည်။
ဘာကာနောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်နှင့် ဘိုနူချီတို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် ဂျူဗင် တပ်က လာဇီယိုကို အနိုင်ရပြီး ၎င်းတို့၏ (၁၂)ကြိမ်မြောက် ကိုပါ အီတာလီယာဖလားကို စံချိန်တင် ရယူနိုင်ခဲ့သည်။
နည်းပြအယ်လီဂရီ၏ စီးရီး အေကို ဦးဆောင်ထားသော ဂျူ ဗင်တပ်အသင်းသည် ယခုသီ တင်းပတ်ကုန်တွင် ခြောက်နှစ် ဆက်တိုက် စီးရီးအေဖလား ရနိုင် ပြီး ဇွန်လ ၃ ရက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ရီးရဲလ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဂျူဗင်တပ်သည် တနင်္ဂနွေ နေ့တွင် ခရိုတိုနီအသင်းကိုနိုင်ပါက ယခုရာသီ၏ ဒုတိယမြောက် ဖလားအဖြစ် စီးရီးအေဖလားရ မည်ဖြစ်သည်။ ၎င်းတို့သည် လောလောဆယ်တွင် ဒုတိယနေ ရာရှိ ရိုးမားကို လေးမှတ်ဖြတ်ထား ပြီး နောက်ထပ် နှစ်ပွဲသာ ကျန်ရှိ တော့ရာတစ်ပွဲနိုင်ပါက ၈၈ မှတ် ရမည်ဖြစ်၍ ရိုးမားက လိုက်မီရန် မဖြစ်နိုင်တော့သဖြင့် စီးရီးအေ ဖလားရရှိမည်ဖြစ်သည်။ ရိုးမား သည် နောက်ထပ်နှစ်ပွဲနိုင်လျှင်ပင် ၈၇ မှတ်သာရမည်ဖြစ်သည်။
ထိုအတောအတွင်း ပြင်သစ် လီဂူးဝမ်းတွင် မိုနာကိုက ချန်ပီယံ ပီအက်စ်ဂျီကိုကျော်ကာ (၁၇)နှစ် အတွင်း ဆုဖလားကို ပထမအ ကြိမ် ရရှိခဲ့သည်။
မိုနာကိုသည် ပွဲပြီးရန် တစ်ပွဲ အလိုတွင် စိန့်အီတီယန်ကို သရေကျရုံဖြင့် လီဂူးဝမ်းဖလား ရမည်ဖြစ်သော်လည်း အမ်ဘာပီ နှင့် ဂျာမိန်းတို့၏ သွင်းဂိုးဖြင့် အ နိုင်ရခဲ့သည်။
မိုနာကိုသည် ၂၀၀၀ ပြည့် နှစ် နောက်ပိုင်း ပထမဆုံး ပြင်သစ်လီဂူးဝမ်းဖလားရယူကာ ပီအက်စ်ဂျီ၏ ပြည်တွင်းဖလားကို လေးနှစ်ကြာသိမ်းပိုက်မှု အဆုံးသတ်စေခဲ့သည်။ မိုနာကို နည်းပြဂျာဒင်က အသင်းသားများကို ချီး ကျူးပြီး ဖလားရ၍ ၀မ်းသာမိသည်ဟု ပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment