Latest News

Friday, May 26, 2017

" ပြတ် ပြတ် ပြော မှ ရ မယ် ထင် တယ် "

" ပြတ် ပြတ် ပြော မှ ရ မယ် ထင် တယ် "

လက် ရှိ မြန် မာ နိုင် ငံ ကို ခွဲ ထွက် ဖို့ အ တွက် က တော့ ဘယ် လို မှ မ ဖြစ် နိုင် ဘူး ။

က မ္ဘာ့ နိုင် ငံ အ ရေး အ ခင်း တွေ ကို စေ့ စေ့ စပ် စပ် နား လည် တယ် ဆို ရင် လက် ရှိ အ ချိန် မှာ ဒီ စ ကား ကို ဘယ် သူ မှ ပြော မှာ မ ဟုတ် ဘူး ။

အ ခု ကျင်း ပ နေ တဲ့ ၂၁ ရာ စု ပင် လုံ ဆို တဲ့ ညီ လာ ခံ မှာ တက် ရောက် လာ တဲ့ ရှမ်း တိုင်း ရင်း သား များ ဒီ မို က ရေ စီ အ ဖွဲ့ ချုပ် ( SNLD ) က ကိုယ် စား လှယ် စိုင်း ထင် ကျော် ဆို တဲ့ သူ က နိုင် ငံ ရေး က ဏ္ဏ ဆွေး နွေး မှု ပါ ဝင် တဲ့ " နိုင် ငံ တော် ရဲ့ နယ် မြေ အ ပိုင်း အ ခြား ဟူ သ မျှ နိုင် ငံ တော် က မည် သည့် အ ခါ မှ ခွဲ မ ထွက် ရ " ဆို တဲ့ အ ချက် ထည့် သွင်း ထား တဲ့ အ တွက် မ ထည့် သင့် ဘူး လို့ ပြော ဆို ခဲ့ တယ် ။

နိုင် ငံ တော် မှ မည် သည့် အ ခါ မှ ခွဲ မ ထွက် ရ ဆို တဲ့ အ ချက် ဟာ ပင် လုံ စာ ချုပ် ၊ ပင် လုံ က တိ က ဝတ် ပင် လုံ စိတ် ဓာတ် တွေ နဲ့ လုံး ဝ ဆန့် ကျင် နေ ကြောင်း ၊ လွတ် လပ် ရေး ဖ ခင် ဖြစ် တဲ့ ဗိုလ် ချုပ် အောင် ဆန်း ရဲ့ ပြည် ထောင် စု မူ နဲ့ ဆန့် ကျင် နေ ကြောင်း နဲ့ တိုင်း ရင်း သား စည်း လုံး ညီ ညွတ် ရေး ကို ပျက် ပြား စေ နိုင် ကြောင်း လို့ လည်း ပါ ရှိ လာ တယ် ။

ခွဲ မ ထွက် ရ ဆို တာ တိုင်း ရင်း သား စည်း လုံး ညီ ညွတ် ရေး ကို ပျက် ပြား စေ နိုင် တယ် ဆို တဲ့ စ ကား က ရှေ့ နောက် မ ညီ တဲ့ စ ကား ဖြစ် ပါ တယ် ။ ပြော တဲ့ သူ ဟာ ပြော ချင် တာ ကို မ စဉ်း စား ပဲ ပြော နေ တာ ပေါ် လွင် ပါ တယ် ။

ခွဲ ထွက် ပါ ပြီ ဆို မှ တော့ ဘာ လို များ စည်း လုံ ညီ ညွတ် ပြ အုံး မှာ ပါ လဲ ။ နား ပဲ မ လည် တာ လား ပြော ချင် တာ လျောက် ပြော တာ လား မ သိ ပါ ။ ခွဲ ထွက် ပြီး ဘယ် လို စည်း လုံး ညီ ညွတ် ပြ မှာ လဲ ဆို တာ လည်း စိတ် ဝင် စား စ ရာ ပါ ပဲ ။

နိုင် ငံ တော် က ခွဲ မ ထွက် ရ တာ ပင် လုံ နဲ့ ဆန့် ကျင် နေ တယ် ဆို ရင် အ ခု ညီ လာ ခံ ကို " ၂၁ ရာ စု  ပင် လုံ ညီ လာ ခံ " ဆို တဲ့ စ ကား ရပ် ကို ပင် လုံ ဆို တဲ့ စ ကား လုံး ဖျောက် ပြီး " ၂၁ ရာ စု ညီ လာ ခံ " လို့ ပြန် ပြောင်း လိုက် ပါ လို့ သ ဘော ထား မှတ် ချက် ပေး လို ပါ တယ် ။ ဘာ ဖြစ် လို့ လည်း ဆို တော့ မြန် မာ နိုင် ငံ သား တစ် ယောက် အ နေ နဲ့ မြန် မာ နိုင် ငံ ကို တစ် စ စီ ဖြစ် ပြီး အင် အား ချိ နဲ့ သွား စေ မှာ ကို အ လို မ ရှိ လို့ ပါ ပဲ ။

နောက် တစ် ဖက် က စဉ်း စား ရ ရင် တစ် ပြည် နယ် စီ ခွဲ ထွက် သွား ရင် ဗ မာ ပြည် က လွဲ ရင် ဘယ် ပြည် နယ် မှ အင် အား တောင့် တင်း တဲ့ ပြည် နယ် အ နေ နဲ့ ဖြစ် လာ မှာ မ ဟုတ် ပဲ နီး စပ် ရာ နိုင် ငံ တွေ ရဲ့ သိမ်း ယူ ခံ ရ ရင် ခံ ရ မ ဟုတ် ရင် သြ ဇာ ခံ နိုင် ငံ အ နေ နဲ့ ပဲ ဖြစ် သွား မှာ ပါ ပဲ ။

ဒီ လို အ ခြေ အ နေ ဖြစ် မယ့် ကိ စ္စ ကို မြန် မာ ပြည် သူ တွေ လက် မ ခံ ပါ ။ မ ဖြစ် မ နေ သူ များ နိုင် ငံ လက် အောက် ရောက် သွား မှာ ထက် ကိုယ် ပဲ ပြန် သိမ်း လိုက် မှာ ပါ ပဲ ။

ရှမ်း အ ဖွဲ့ ( SNLD ) က ပြော သေး တယ် ။ တစ် ခြား အ ဖွဲ့ တွေ ဘယ် လို ဆွေး နွေး မ လဲ မ သိ ပေ မယ့် အဲ့ ဒါ ရှမ်း အ ဖွဲ့ ရဲ့ သ ဘော ထား မ ဟုတ် ဘူး တဲ့ ။ ကြည့် ရ တာ တစ် ချို့ က နိုင် ငံ တော် က ခွဲ ထွက် ဖို့ အ ထိ ရည် ရွယ် ထား ကြ တယ် လို့ ယူ ဆ လို့ ရ တယ် ။

လက် နက် ကိုင် အ ဖွဲ့ တွေ ရဲ့ တောင်း ဆို ချက် ထဲ မှာ လည်း " လက် နက် ကိုင် တို့ လို လား တဲ့ နောက် ဆုံး အ ခြေ အ နေ အ ထိ အ ကောင် အ ထည် ဖော် နိုင် ဖို့ " ဆို တဲ့ သ ဘော ထား ပါ ဘူး လို့ ဆောင်း ပါး ရေး ဆွေး နွေး ဖူး ပါ သေး တယ် ။ လက် နက် ကိုင် တွေ နောက် ဆုံး လို ချင် တာ ဘာ လဲ ဆို ပြီး တော့ ပါ ။

ဒီ တော့ ပြည် နယ် ရှိ တိုင်း ရင်း သား တစ် ချို့ တွေ က ပြည် မ က နေ ခွဲ ထွက် ဖို့ ကို ဖွင့် မ ပြော ပဲ လုံး လ စိုက် နေ ကြ သ လို ဖြစ် နေ တာ ကို တွေ့ ရ တယ် ။ ဒီ လို ဆို ဘယ် လို လုပ် ကြ မ လဲ ။

တိမ် တိမ် သာ တွေး တဲ့ သူ တွေ က တော့ ခွဲ ထွက် ခွင့် ပေး လိုက် ပေါ့ လို့ ပြော ကြ နိုင် တယ် ။ အ ခု ရှမ်း ပြည် နယ် ကို ခွဲ ထွက် ခွင့် ပေး လိုက် ပြီ ဆို ပြီး အ နည်း ငယ် စဉ်း စား ကြည့် ရ အောင် ပါ ။

ရှမ်း ပြည် နယ် မှာ တိုင်း ရင်း သား အ များ ကြီး ရှိ သ လို လက် နက် ကိုင် လည်း အ များ ကြီး ပါ ။ ရှမ်း ပြည် နယ် ခွဲ ထွက် လိုက် တာ နဲ့ စစ် အင် အား အ ကြီး ဆုံး " ဝ " က သူ တို့ တောင်း ဆို ထား တဲ့ ရှမ်း ပြည် တောင် ပိုင်း ကို တောင်း ဆို မှာ ပဲ ။ မ ရ ရင် သိမ်း လိုက် မှာ ပါ ပဲ ။ အဲ့ ဒီ အ ထဲ မှာ မိုင်း လား အ ဖွဲ့ လည်း ပါ သွား လိမ့် မယ် ။ မိုင်း လား က တစ် ခါ " ဝ " အ ဖွဲ့ စစ် ရေး အ ရ ကျူး ကြော် ခဲ့ တာ မ ကြာ သေး တဲ့ အ ဖွဲ့ နေ ရာ ပဲ ။ သူ တို့ က ကော ကြည် ကြည် ဖြူ ဖြူ လက် ခံ ပါ့ မ လား ။ ရှမ်း တွေ က ကော ကျေ နပ် မှာ လား ။

သေ ချာ တာ က ရှမ်း ပြည် ၂ ပိုင်း ထပ် ကွဲ လိမ့် မယ် ။ အ စဉ် အ လာ လို ဖြစ် နေ တဲ့ ရှမ်း နဲ့ " ဝ " ဆက် ပြီး နယ် မြေ တွေ လု စစ် တွေ တိုက် နေ လိမ့် မယ် ။ လက် ရှိ အ ခြေ အ နေ အ ရ ရှမ်း အ ဖွဲ့ တ ရုတ် ထောက် ပံ့ ပေး ထား တဲ့ " ဝ " အ ဖွဲ့ ကို နိုင် အောင် တိုက် ဖို့ ခက် ပါ လိမ့် မယ် ။

အ နေ အ ထား အ ရ ရှမ်း က ပြင် ပ က အ ကူ အ ညီ ကို ခေါ် ရ ရင် ဘယ် သူ့ ကို ခေါ် မ လဲ ။ ဗ မာ လား ၊ အ မေ ရိ ကန် လား ၊ အိ န္ဒိ လား ၊ ရု ရှား လား ?

ဗ မာ က န ဂို တည်း က အေး အေး ဆေး ဆေး ရှိ နေ တဲ့ နိုင် ငံ ကို ခွဲ ထွက် ချင် ပါ တယ် ဆို ပြီး ခွဲ ထွက် ပြီး မှ စစ် ရှုံး ခါ နီး ကယ် ပါ ယူ ပါ ဆို ရင် ကိုယ့် လူ မျိုး တွေ အ သေ ခံ ပြီး လာ ကူ ညီ ပါ့ မ လား ။

အ မေ ရိ ကန် ကို ကော တ ရုတ် က သူ့ အ နား ကို အ လာ ခံ ပါ့ မ လား ။ အိ န္ဒိ ယ ကို အ ကူ အ ညီ တောင်း ရင် ကော ပေး ပါ့ မ လား ။ KIA အ စ က တည်း က အိ န္ဒိ ယ ကို အ ကူ အ ညီ တောင်း ခဲ့ ဖူး တယ် တစ် ခါ မှ မ ပေး ဖူး ဘူး ။ ရု ရှား က ကော သူ့ မ ဟာ မိတ် တ ရုတ် ကို ပြန် တိုက် ပါ့ မ လား ။

နောက် ဆုံး လက် ရှိ အ ခြေ အ နေ အ ရ ရှမ်း ပြည် " ဝ " လက် အောက် ရောက် မ သွား နိုင် ဖူး လို့ ပြော လို့ မ ရ ပါ ဘူး ။ စစ် သံ တွေ တ ညံ ညံ နဲ့ ရှမ်း ပြည် ဖြစ် လာ ပါ တော့ မယ် ။ ဒါ " ဝ " တစ် ဖွဲ့ တည်း နဲ့ ပဲ နှိုင်း ယှဉ် ကြည့် သေး တာ ပါ ။

တ ကယ် လို့ အဲ့ လို ဖြစ် ပြီး " ဝ " လက် အောက် ရောက် သွား မယ် ဆို ရင် ရှမ်း ပြည် က တ ရုတ် ပြည် ဖြစ် သွား တာ ပဲ ဖြစ် လိမ့် မယ် ။

( ဆက် ပါ အုံး မယ် )

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၅ ၊ ၅ ၊ ၂၀၁၇

No comments:

Post a Comment