တိုင်းဖွံ့ဖြိုးရေး ဘဏ္ဍာငွေကို မဟုတ်တာမလုပ်ခဲ့ဟု ဧရာဝတီတိုင်း ဘဏ္ဍာရေးဝန်ကြီးပြော
ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဟောင်းက လက်ရှိအစိုးရကို ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေလွှဲပြောင်းပေးဖို့ပျက်ကွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်တာလုပ်ခဲ့တာမရှိဘူးလို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုက တုံ့ ပြန်ပြောဆိုလိုက်ပါတယ်။
လက်ရှိ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့ က အရင်အစိုးရအဖွဲ့ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေတွေ လွှဲပြောင်းပေးဖို့ ကျန်ရှိတာနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြောကြားခဲ့တာကို ဦးဝင်းကိုက အခုလို ပြန်လည်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
‘‘သေချာတာတစ်ခုကတော့ ကျွန်တော်တို့ မူဘောင်နဲ့အညီ လုပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့ မဟုတ်တာ ဘာမှမလုပ် ခဲ့ဘူးဆိုတာကို ရဲရဲကြီးပြောလို့ရပါတယ်"လို့ ဦးဝင်းကိုက ပြောပါတယ်။
သင်စိတ်ဝင်စားနိုင်သည့် အခြားဆက်စပ်သတင်း( ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်းဖို့ ပျက်ကွက်မှုကို အမြန်ဆုံးဖော်ထုတ်မယ်)
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ယခုတစ်ပတ်အတွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံကာ ရှင်းလင်းသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ CEC အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဝင်းကိုက ပြောပါတယ်။
လက်ရှိအချိန်ထိ စိစစ်ဖော်ထုတ်ချက်တွေအရ အရင်အစိုးရအဖွဲ့က လွှဲပြောင်းဖို့ ကျန်ရှိတဲ့ ငွေပမာဏက ကျပ်သုံးဘီလီယံကနေ ခုနစ်ဘီလီယံအကြားရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတို့က ပြောကြားထားပါတယ်။
Source : 7DayDaily:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment